Ch 12 မယုံကြည်နိုင်သောရပ်တည်မှု

3.1K 356 56
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 12 💎ღ { မယုံကြည်နိုင်သော ရပ်တည်မှု }

ရင်းနီးလွန်းလှသောအသံလေး၏လာရာစီ မင်းသားကျန့်လှည့်ကြည့်လိုက်မိစဥ် အံ့သြရိပ်များအပြည့်ဖြင့်မျက်လုံးများဖြင့်ဝိုင်းစက်သွားရပြီး တအံ့တသြပဲခေါ်လိုက်သည်။

" ရှောင်ဝမ်..? "

ရှောင်ဝမ် တကယ်ပဲသူ့စီရောက်လာခဲ့တယ်ပေါ့။
နောက်ဆုံးတော့ နန်းဆောင်ကနေထွက်လာခဲ့ပြီပေါ့။

ဝမ်ရိပေါ်မှာ အခုထိမင်းသားကျန့်၏လက်မောင်းအားဆွဲကိုင်ထားလျက်ဖြစ်ကာ သူ့အားအံ့သြစွာခေါ်လိုက်တဲ့မင်းသားကျန့်အား ဟီး...ဆိုကာပြုံးပြလိုက်မိသည်။
အင်းလေ..ဘာလုပ်ရမယ်မှန်းမှမသိတာ။

သူအပြုံးများသုံးစက္ကန့်ပင်မကြာလိုက် သူ့တစ်ကိုယ်လုံး တစ်ဖက်လူ၏ရင်ခွင်ထဲနစ်မြုပ်သွားတော့သည်။
မင်းသားကျန့်က သူ့အားဆွဲယူပွေ့ဖက်လိုက်တာပင်။
ဝမ်ရိပေါ် မယုံနိုင်စွာဖြင့်ပါသွားရ၏။
ဘာကြောင့်များဒီလိုပြုမူသလဲမသိပေမယ့် သူလည်း အစ်ကိုကြီးကျန့်ကိုသတိရနေရတာမို့ ပြန်လည်ပွေ့ဖက်ပေးလိုက်၏။

တကယ်တော့သူ၄ရက်မြောက်နေ့ကစဥ်းစားခဲ့သည်။
ဒီလိုအတွေ့မခံပဲနေတာက သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ကျဲသွားစေနိုင်သည်။
အခုသူကြိုးစားနေတာက ဇာတ်လိုက် သို့မဟုတ် မင်းသားကျန့် သို့မဟုတ် အစ်ကိုကြီးကျန့်နှင့် ညီအစ်ကိုသံယောဇဥ်နှောင်ဖွဲ့ရန်ပင်။
ဒီလိုသာရှက်ပြီးဆက်သွားနေမယ်ဆို ညီအစ်ကိုတော်ရန်ဝေးသွားမည်ဖြစ်ကာ မနည်းဆောက်တည်ခဲ့ရသောဆက်ဆံရေးလေးလည်း ပျက်စီးသွားနိုင်သည်။
ထိုသို့ဆို ဇာတ်လိုက်နဲ့သူနဲ့ရေစက်ကုန်သွားလိမ့်မည်။
ရန်သူတော်အထိပါအဆင့်တက်သွားနိုင်၏။
ထို့ကြောင့် အစ်ကိုကြီးကျန့်အပေါ် ရှောင်ဝမ်ကဘယ်လောက်ထိလေးစားအားကိုးကြောင်း ဆက်လက်ပြသမှကိုဖြစ်မည်။

ထိုသို့စိတ်ပိုင်းဖြတ်လိုက်သောဝမ်ရိပေါ်သည် ၅ရက်မြောက်နေ့တွင် သူအစ်ကိုကြီးကျန့်နှင့်တွေ့ပါကပြောရမည့်စကားများကို သီကုံးလေ့ကျင့်နေခဲ့၏။
ဟိုအဖြစ်အပျက်တုန်းက နမော်နမဲ့နိုင်မှုကိုလည်းတောင်းပန်ရန်ရည်ရွယ်ထားသည်။
တကယ်ကြီးလည်း သူပြန်စမ်းစစ်မိတော့ သူလည်းဇာတ်လိုက်အပေါ် တကယ်သံယောဇဥ်ဖြစ်နေလေပြီ။
အရင်ဘဝကတစ်ဦးတည်းသောသားဖြစ်ခဲ့ရတဲ့အတွက် အစ်ကိုကြီးကျန့်ကို အစ်ကိုအရင်းတစ်ယောက်လိုတွယ်တာနေခဲ့ပြီဖြစ်သည်။
စိတ်နှစ်ကိုယ်နှစ်ကိုပင် အစ်ကိုကြီးကျန့်နှင့်သူ ရန်သူမဖြစ်ချင်တော့ပေ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now