Ch 9 ပြိုင်ဘက်ကင်းသောရှောင်ဝမ့်အပြုံး

3.6K 377 10
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 9 💎ღ
{ ပြိုင်ဘက်ကင်းသော ရှောင်ဝမ့်အပြူံး }

အနားမှာစောင့်​နေရင်း အိပ်ပျော်နေသောအိမ်ရှေ့စံကိုကြည့်ကာ မင်းသားကျန့်အတွေးနယ်ချဲ့လျက်ရှိသည်။
အိပ်မပျော်ခင်က ဘာကြောင့်ငိုခဲ့ရတာလဲဟု သူနိုးလာမှမေးအုံးမည်ဟု တွေးထားမိသည်။
အရင်တုန်းက အိမ်ရှေ့စံပေါ်အမြင်မကြည်ခဲ့သမျှ သူ့အမြင်အားလုံးက အချိန်တိုလေးအတွင်းမှာပြောင်းလဲသွားတာဟာ အံ့သြဖို့ကောင်းလွန်းသည်။
သူ ရှောင်ဝမ့်ကိုမမုန်းနိုင်ပါ။
ဖြစ်ခဲ့သမျှအရာတွေအားလုံး အတိတ်မှာချန်ခဲ့ပြီး ပစ္စုပ္ပန်မှာပြောင်းလဲလာတဲ့အိမ်ရှေ့စံကို အနာဂတ်မှာလည်းထိုအတိုင်းရှိစေချင်သည်။

သူတို့နှစ်ဦးစစတွေ့ချိန်သည် ဥယျာဥ်တော်၌ဖြစ်သည်။
၁၀နှစ်အရွယ်အိမ်ရှေ့စံက သူ့အားမလိုမုန်းတီးစွာကြည့်ခဲ့စဥ်က သူ့နှလုံးသားထဲတွင်ထိုကလေးကနတ်ဆိုးဟုပဲထင်မှတ်လိုက်မိသည်။
အဆိုပါနတ်ဆိုးသည် တကယ်ပင်သူ့အပေါ်ကောင်းကျိုးမပေးခဲ့။
ပထမဆုံးပြဿနာရှာခြင်းက အိမ်ရှေ့စံရဲ့၁၁နှစ်ပြည့်မွေ့နေ့အထိမ်းအမှတ်ပွဲနေ့ကဖြစ်သည်။
နန်းတော်တစ်ခုလုံးစည်ကားနေကာ မင်းသားမင်းသမီးများကလည်းတက်ကြွသွာဖြင့် အိမ်ရှေ့စံအားဂုဏ်ပြုဖို့ရောက်လာကြသည်။
အကအခုန်အတီးအမှုတ်များထဲတွင်သာယာနေသော ထိုကလေးအရွယ်အိမ်ရှေ့စံက မည်သူမှကိုလူဟုမထင်ခဲ့ပေ။
သူ့အားပေါင်းချင်လျှင် အစေအပါးလိုရိုကျိုးရမည်ဖြစ်သည်။

ကံမကောင်းဆုံးသူကတော့ မိဖုရားကြီးကိုယ်တိုင်အမြင်ကြည်သော မင်းသား၇ပင်။
သူ့အား မိဖုရားကြီးကတော့မုန်းမှတော့ အိမ်ရှေ့စံလည်းလိုက်မုန်းနေတာအပြစ်တော့မဟုတ်။
ထိုနေ့ကမင်းသား၇သည် မိဖုရားကြီးစီကသေရည်ငှဲ့ခိုင်းရာ ငှဲ့ပေးနေစဥ် ဘေးမှအိမ်ရှေ့စံသည်သူ့တံတောင်းအား တမင်တကာတွန်းလိုက်၍ သေရည်များကမိဖုရားကြီး၏ဝတ်ရုံပေါ်အားဖိတ်စင်ကုန်၏။
အားလုံးတိတ်ဆိတ်ထိတ်လန့်နေကြချိန်ပဲ 'ဖြောင်း' ခနဲမြည်သံကြီးနှင့်အတူ မင်းသား၇လဲကျသွားကာ ပါးပြင်ဟာနီရဲတက်နေခဲ့သည်။
မိဖုရားကြီး၏ဒေါသကိုဘုရင်ကြီးမှဝင်မတားပါလျှင် မင်းသား၇ ထိုနေရာမှာတင်သေနိုင်သည်။
ဘေးကအိမ်ရှေ့စံကတော့ သူ့အားလှောင်ပြောင်ကာရယ်နေရင်း မျက်ခုံးများကိုကောက်ကျစ်စွာမြှင့်ပြခဲ့၏။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now