23 စိုးရိမ်မှုများဖြင့်မင်းသား၇

2.3K 299 52
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 23 💎ღ { စိုးရိမ်မှုများဖြင့်မင်းသား၇ }

အနီးကပ်ကိုယ်ရံတော်လာလျှောက်တာကိုကြားလိုက်ရကတည်းက မင်းသားကျန့်၏နှလုံးသားသည် သမုဒ္ဒရာထဲနစ်မြုပ်သွားသလိုခံစားလိုက်ရသည်။
အလိုမကျခြင်းများစွာဖြင့် စိုးရိမ်သည်ထက်စိုးရိမ်လာခဲ့မိသည်။

မင်းသားကျန့်၏စိတ်ထဲ၌ သူ့အိပ်မက်ကဘာကြောင့်တကယ်ကြီးဖြစ်လာရသလဲ မစဥ်းစားတတ်တော့ပေ။
မကြာခင်ရှောင်ဝမ် ယင်မင်းသမီးရဲ့အလှမှာနစ်မွန်းပြီး သူ့ကိုမေ့သွားတော့မည်။
ယခုဖြစ်ပေါ်နေသည့် ရင်ထဲကခံစားချက်ကြီးကြောင့် သူ့ရဲ့ဘယ်ဘက်ရင်အုံကနာကျင်လာသလိုခံစားလိုက်ရ၏။
သူတကယ့်ကို ရှောင်ဝမ့်အပေါ်ကိုရယူပိုင်ဆိုင်လိုစိတ်တွေနဲ့ တစ်ချိန်လုံးချစ်နေခဲ့တာပဲ။
ထိုအချစ်တွေက ရွှံ့ဖုံးသောကျောက်စိမ်းတုန်းကို ရေနဲ့ဆေးချလိုက်သလိုထွက်ပေါ်လာခဲ့သော မနေ့ညကခံစားချက်များကြောင့် သူသက်တောင့်သက်သာမရှိတော့ချေ။

" အစ်ကိုကြီးကျန့်.."

မျက်ခုံးများတွန့်ချိုးကာ အတွေးထဲနစ်မြောနေသောမင်းသားကျန့်အား ရိပေါ်သတိထားမိကာခေါ်လိုက်ခြင်းပင်။

" ဘာဖြစ်လို့လဲ နေမကောင်းဘူးလား "

သူမေးပြီးမှသူနောင်တရသွားသည်။
မင်းသားကျန့်ကဒီလောက်တောင်သန်မာတာ နေမကောင်းတော်ရုံနဲ့ဖြစ်မလားလေ။
သို့သော် တစ်ဖက်သား၏တုံ့ပြန်မှုကြောင့်သူအံ့သြသွားရသည်။

" အင်း.."

မင်းသားကျန့်လည်း ရှောင်ဝမ့်ကိုဒီမှာပဲရှိနေစေချင်သည့်အဆုံး ရှောင်ဝမ်မေးတာကို ခေါင်းညိတ်ပြခဲ့သည်။
သူသာနေမကောင်းဘူးဆို ရှောင်ဝမ်သူ့အနားကသွားမည်မဟုတ်တော့ပေ။
ဘယ်သူ့ကိုမှမလှည့်စားဖူးသည်သူ့မှာပင် ချစ်ရတဲ့သူအတွက်လှည့်စားမှုသေးသေးလေးလုပ်တတ်လာပြီမို့ ကိုယ်တိုင်ပဲငိုရခက်ရယ်ရခက်စွာရှိတော့၏။

တစ်ဖက်မှာလည်း ဝမ်ရိပေါ်တစ်ယောက်ပြာယာခက်သွားပြီး တကယ်ပဲစိုးရိမ်လာခဲ့ပါသည်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now