25 ဝန်ခံပြီးနောက် ရှောင်ဝမ့်၏အပြုအမူများ

2.8K 311 48
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 25 💎ღ
{ဝန်ခံပြီးနောက် ရှောင်ဝမ့်၏အပြုအမူများ}

ညတာကရှည်လွန်းလှသည်။

တစ်ဖက်လှည်းကဆူညံနေသောစကားသံများကြောင့် နားပါးသောဆရာကြီးမှာ နည်းနည်းတော့အလိုမကျဖြစ်လာသည်။
အစောင့်တွေကြာသလားမကြားသလားတော့မပြောတတ်ပေမယ့် အနှစ်နှစ်အလလပညာများဆည်းပူးခဲ့သည့်တစ်ကိုယ်လုံးတွင်အတတ်ပညာများနှင့်ပြည့်နက်နေသော သိုင်းသူရဲကောင်းကြီးဆရာကြီး'နျဲ့'မှာ အာရုံခံနိုင်စွမ်းအလွန်ကောင်းသည်။

ထို့ကြောင့် သူလှည်းပေါ်မှဆင်းကာတစ်ဖက်လှည်းရှိရာလျှောက်သွားလိုက်ပြီး အပြက်ဘက်မှပဲအော်ပြောလိုက်၏။

" မင်းတို့မအိပ်သေးပဲ ဘာတွေစကားများနေကြတာလဲ..အခြားသူတွေအနှောင့်အယှက်ဖြစ်တယ်ကွ တိုးတိုးပြောကြစမ်း "

ထိုသို့ပြောပြီး ပြန်လှည့်သွားလေ၏။

ရိပေါ် ဆရာကြီးအသံကိုကြားလိုက်မှ သူ့အသံကဘယ်လောက်ကျယ်သွားမှန်းသတိထားလိုက်မိသည်။
အနားကအစောင့်တွေကြားသွားရင်တော့ဖြင့် တလောကလုံးသိကုန်ကိုကြေငြာသလို​ဖြစ်သွားလိမ့်မည်။
ကံကောင်းလို့သူဖွင့်မပြောရသေးလို့ပေါ့။
မဟုတ်ရင်မရှိတဲ့အရှက်တွေကွဲကုန်မှဖြင့်။

သူဘာမှမပြောပဲဒီအတိုင်းလေး မင်းသားကျန့်ကို မျက်လုံးလေးလှန်ကာကြည့်လိုက်သည်။
မင်းသားကျန့်ကသူ့အား'ဘာပြောမှာလဲ ပြော'ဟူသောအကြည့်ဖြင့် ဂရုမစိုက်စွာကြည့်နေ၏။
အခုထိသဝန်တိုလို့မဆုံးသေးပေ။

" အစ် ကို ကြီး ကျန့် "

သူတစ်လုံးချင်းစီကိုတိုးတိုးလေးခေါ်လိုက်၍ တိုးတိုးလေးဆက်ပြောသည်။

" ကျွန်တော့်အဲ့မင်းသမီးကိုတကယ်မကြိုက်ဘူး..
ကျွန်တော်ကအပြောင်းအလဲမြန်တတ်တဲ့သူလည်းမဟုတ်သလို ကတိဖျက်တတ်တဲ့သူလည်းမဟုတ်ဘူး..
တကယ်တော့ကျွန်တော်ကမှနစ်နာရတာပါ "

" ဘာ "

" ဟုတ်ပါတယ် ကျွန်တော်လေ..
ဟို...ကျွန်တော်က တကယ်တော့ အစ်ကိုကြီးကို..."

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now