53 ပြန်လည်ဆုံတွေ့ခြင်းသည်ကမောက်ကမ

2.6K 312 60
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 53 💎ღ
{ ပြန်လည်တွေ့ဆုံခြင်းသည် ကမောက်ကမ }

နားနဲ့ဆက်ဆက်ကိုကြားလိုက်ရပါသော ထိုသူထံမှအသံက တစ်လောကလုံးတွင်သူချစ်ရပါသည့်တစ်ဦးတည်းသောကောကော၏အသံပင်။
နောက်ပြီး ရှောင်ဝမ်လို့ခေါ်တာဆိုလို့ ကောကောမှလွဲပြီး ဒုတိယလူရှိအုံးမှာတဲ့လား။
ဒါကြောင့်သူဒီလူ့ကိုရင်းနီးသလိုခံစားရခဲ့တာက။

ခဏချင်းပဲ ရိပေါ်သတိလစ်ချင်သွားကာ ထိုသူသာကောကောအစစ်ဆိုရင်တော့ သူ့ရဲ့ပြောထွက်မိခဲ့သောစကားအတွက် ​ဖြေရှင်းရပေတော့မည်။
သူအရမ်းနောင်တရသွားခဲ့၏။
သူလည်းမရည်ရွယ်ပါပဲနဲ့ ထိုသူကိုလည်းမည်သူပါဟုမရိပ်မိခဲ့သည့်အတွက် 'ရှောင်းကျန့်ကကျွန်တော့်ချစ်သူ'ဟုပြောခဲ့မိသည်။
တကယ်လည်းဟုတ်နေပေမယ့် ကောကောကဘာမှသိသေးတာမဟုတ်တဲ့အတွက် သူ့တွင်ချစ်သူနှစ်ယောက်ရှိနေသလိုဖြစ်သွားခဲ့၏။

ရူးသာရူးချင်လိုက်တော့သည်။
သူဘာပြန်ပြောရမလဲမသိစွာပဲ ကြောင်အ ထိတ်လန့်ကာငြိမ်သက်နေရင်းနဲ့မှ ရှေ့ကသူအားမရဲတရဲဖြင့် ခေါ်ကြည့်လိုက်၏။

" ကောကော "

သူ့ခေါ်သံကြောင့်တစ်ဖက်ကသတိဝင်လာဟန်တူ၏။
ချက်ချင်းပဲမျက်နှာလွှဲသွားကာဘာမှပြန်မပြောလာခဲ့။

မင်းသားကျန့်လည်း သူ့ဒေါသကြောင့်သဝန်တိုမှုများကိုမထိန်းချုပ်နိုင်ခဲ့၍ သူ့ကိုယ်သူဖော်ထုတ်မိသွားကြောင်းသိလိုက်ရသည်။
သူ'ရှောင်ဝမ်'ဟုခေါ်မိသွားပြီး အသံလည်းမဖျက်ခဲ့ရာ တစ်ဖက်ကသိသွားသိမှာမဆန်းပေ။
သို့ပေမယ့် သူစိတ်တိုနေသောကြောင့် ရှောင်ဝမ်က'ကောကော'မကလို့ 'ယောက်ျား'လို့ခေါ်လာရင်တောင် သူရင်ခုန်နိုင်မည်မဟုတ်သေး။

ရိပေါ်လည်းသိနပေါသည်။
ကောကောကသူ့ကိုအရမ်းချစ်ပြီး အရမ်းလည်းသဝန်တိုတတ်တာသိသည်။
ရှီးဝူတုန်းကဆို သွမ့်ကျောင်းနဲ့ဆေးခတ်ခံရတဲ့အထိ ကောကောသဝန်တိုခဲ့တာမလား။

သူကတော့ တစ်ယောက်တည်းသော ကောကောနဲ့ကော​ကောကို ရန်တိုက်ပေးလိုက်သလို။
ဒီတစ်ခါတော့ကြီးမားလွန်းသည့်သဝန်တိုမှုကြီးဖြစ်သွားနိုင်သည်။
ဘာကြောင့်ဆို သူကိုယ်တိုင်ပဲ 'ရှောင်းကျန့်ကကျွန်တော့်ချစ်သူ'လို့ပြောမိတဲ့အတွက်။
'ဒီကမ္ဘာမှာတစ်ယောက်တည်းရှိတာ'ဆိုတာကပါလိုက်သေး။
သူဘယ်လိုရှင်းပြရ​​တော့မည်နည်း။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now