42 , 43

2.1K 290 23
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 42 💎ღ { ရှုပ်ထွေးမှုများနောက်ကွယ် }

" အရှင်မင်းကြီးကိုလျှောက်တင်ပါတယ်..
ဝမ်အမတ်ကြီးပြန်လည်ရောက်ရှိလာ၍ အခစားဝင်ရန်ရောက်ရှိနေကြောင်းပါ "

" ဝင်ခိုင်းလိုက် "

ဘုရင်ကြီးကျောက်ဖြာထက်လှဲနေရင်း မကျန်းမာသေး၍မသက်သာသေးသည့်ဟန်ဆောင်နေလိုက်သည်။
သူ၏ညီနောင်ကသူတစ်ခုခုဖြစ်ကြောင်းကိုသိတာနဲ့ရောက်လာမှာသိပေမယ့် မနေ့ညချင်းပဲရောက်လာမယ်လို့မထင်ထားခဲ့ပေ။
ဘယ်အချိန်မှနန်းတော်ကိုပြန်ရောက်ခဲ့၍ ညကသူ့စီအရင်ဆုံးအခစားမဝင်ပဲ မိဖုရားကြီးနဲ့တွေ့သည်ကိုလည်းသိချင်နေသည်။
နောက်ပြီး အဓိကကအားကျန့်ကိစ္စကို မည်သို့လျှောက်တင်လာမည်ကို ဘုရင်ကြီးကြည့်ချင်၏။

အမတ်ကြီးသည်ဝင်ခွင့်ရသည်နှင့် ဘုရင့်နန်းဆောင်ထဲသို့ဝင်လာခဲ့လိုက်သည်။
ကျောက်ဖြာပေါ်တွင်တံတောင်ကိုထောက်၍လှဲနေသောဘုရင်ကြီးအား နှုတ်ဆက်လိုက်ပြီးနောက် ကျန်းမာရေးအကြောင်းမေးမြန်းခဲ့သည်။

" အရှင်မင်းကြီးရဲ့သတင်းကြားကြားခြင်း ဒီနောင်တော်လည်းချက်ချင်းလာခဲ့တာပါပဲ မနေ့ကညဥ့်နက်မှနန်းတော်ကိုပြန်ရောက်တော့ နောင်တော်အနားယူနေလောက်ပြီဆိုပြီး အဆောင်ကိုပဲတန်းပြန်ခဲ့ရတယ်လေ..
အရှင်မင်းကြီး သက်သာကောင်းမွန်ပါစ "

" သက်သာကောင်းမွန်နေပါပြီ..အမတ်ကြီးပြန်ရောက်လာတော့လည်း ကိုယ်တော်အားရှိရတာပေါ့ "

" မှန်လှပါ "

" ဒါနဲ့ အမတ်ကြီးများကိုယ်တော့်ကိုတစ်ခုခုလျှောက်တင်စရာရှိသလားလို့ "

ဘုရင်ကြီးအစဖော်ပေးလိုက်မှ အမတ်ကြီးလည်းစကားအစဖော်ရန်လွယ်ကူသွားပြီး လိုရင်းကိုလျှောက်တင်လာခဲ့သည်။

" မနေ့ညကပြန်ရောက်ရောက်ချင်း တူတော်၇နဲ့တွေ့ပါသေးတယ်..
ဓားကောင်းတစ်လတ်လိုချင်တယ်ဆိုလို့တောင် နန်းပြင်ထွက်ရှာခွင့်ပေးလိုက်သေးတယ်လေ အရှင်မင်ကြီးစိတ်မကွက်ဘူးမဟုတ်ပေလား..
ဒီအမတ်ကြီးကတူတော်ကိုလက်ဆောင်လေးပေးချင်ရုံလေးပါ "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now