Ch 15 ကူရာကယ်ရာမဲ့သူအားနှစ်သိမ့်ပေးခြင်း

2.5K 287 87
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 15 💎ღ { ကူရာကယ်ရာမဲ့သူအားနှစ်သိမ့်ပေးခြင်း}

နန်းဆောင်သို့ပြန်ရောက်သွားခဲ့ပေမယ့်လည်း ရိပေါ်တစ်ယောက်အတွေးကောင်းနေဆဲပင်။
မင်းသားကျန့် သူ့အားနှုတ်ပိတ်စေလိုက်တဲ့ပုံစံလေးကိုပဲ ပြန်ပြန်မြင်ယောင်နေမိပြီး စိတ်ထဲမရိုးမယွဖြစ်ဖြစ်လာကာ ခေါင်းအုံးနဲ့အိပ်ယာခင်းတွေအားဝမ်းသာစွာကောက်ပေါက်နေ၏။

ပြုံးပြုံးပျော်ပျော်နဲ့အိပ်ယာကြီးကိုစိတ်ကြိုက်ဖွနေသောအိမ်ရှေ့စံငယ်အား ရံရွေတော်များကြောင်အမ်းစွာကြည့်​နေကြသည်။
မင်းသားကျန့်ကတော့ သူ့ကိုပြန်ပို့ပြီးတာနဲ့အ​ဆောင်ကိုပြန်သွားပြီဖြစ်သည်။
ခဏလေးရှိသေးပေမယ့်လဲ အချစ်ကိုသိလိုက်ပြီးချိန် ပိုလွမ်းလာတတ်သလိုပင်။
ကဗျာတွေစာဆိုတွေကတကယ့်အလိမ်အညာတွေမဟုတ်မှန်း ကိုယ်တွေ့ကျမှယုံကြည်လာ၏။

ဒီတော့မှစဥ်းစားမိသည်။
မင်းသားကျန့်အား သူတော်တော်ကြီးကိုချစ်မိနေပြီ။
ဘယ်တုန်းကချစ်မိခဲ့သလဲပြောမရပေမယ့် ချစ်နေပြီဆိုတာသိလိုက်ရချိန် တစ်ကိုယ်လုံးကသွေးများကူပွက်လာသလို နှလုံးသားကလည်းထောက်ခံကြောင်းကြေညာမောင်းခတ်တာမှ တဒုန်းဒုန်းဖြင့်။
အချစ်ကြီးရင်အမြတ်ကြီးသည်တဲ့ သူ့ရဲ့ဗီလိန်အဖြစ်မွေးဖွားလာမှုကိုအသုံးချပြီး ဦးတည်ချက်ကိုတော့ပြောင်းရမည်။

သူဇာတ်လိုက်ကိုမုန်း၍ဗီလိန်လုပ်ရမှာထက်စာရင် ချစ်၍ဗီလိန်လုပ်ပြီး ဇာတ်လိုက်မများစွာ၏လက်မှလုယူရမည်။
နောက်ဆုံးမရလျှင် အရင်ကအတွေးကိုစွန့်လွှတ်ရမည်။
အရင်ကထီးနန်းကိုလိမ်လိမ်မာမာဖြင့် မင်းသားကျန့်အားပေးမည်ဟုဆုံးဖြတ်ထားသော်လည်း အခုတော့မပေးချင်တော့။
သူဘုရင်ဖြစ်မှသာ ကြိုက်တဲ့သဘောကျတဲ့ကို 'တော်'ကောက်နိုင်မှာဖြစ်သည်။
သူလည်းအခု မင်းသားကျန့်အပေါ် တရိုတသေဆက်ဆံနေတာဆိုတော့ မင်းသားကျန့်ကလည်း သူ့ကိုတစ်ချိန်ချိန်ကျရင်သတ်ဖို့ဆိုတာ ရှိလာမှာမဟုတ်တော့ဘူး။
နောက်မှ မင်းသားကျန့်ကိုထီးနန်းလွှဲပေးလိုက်လို့လည်းရတာပဲမဟုတ်လား။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Donde viven las historias. Descúbrelo ahora