65 ချစ်သူထံမှထွက်ပြေးလာခြင်း

2K 230 30
                                    

Unicode
—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨
💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 66 💎ღ {ချစ်သူထံမှထွက်ပြေးလာခြင်း}

တော်ဝင်နန်းတော်၏ပတ်ဝန်းကျင်တစ်ခွင်သည် မည်းနက်နေသောတိမ်စိုင်များနှင့် ညအမှောင်ကလွှမ်းမိုးထားသောမည်းမှောင်နေသည့်သစ်ပင်ကြီးများကသာဝန်းရံထား၍ လရောင်သည်လည်းတိမ်ဖုံး၍ကွယ်ပျောက်လျက်ရှိသည်။

ထိုအမှောင်ထုနှင့် မြို့ရိုးတံတိုင်းနံရံကြီး၏ကတ္တရာစေးလိုမည်းနက်နေသည့်အုတ်များပါဆိုလျှင် ကြက်သီးထစရာကောင်းလေရာ မကောင်းဆိုးဝါးများဂေဟာနှင့်တောင်အထင်မှားစရာပင်။
ထိန်ငြီးနေအောင်ထွန်းလေ့ရှိသောမီးတုတ်များသည်လည်း ထွန်းစင်များတွင်အလိုလျောက်ငြိမ်းသက်နေ၏။
သက်ဝင်လှုပ်ရှားသူဟူ၍ရှိမနေသောထိုနေရာတွင် အဖြူရောင်အစက်ကလေးတစ်စက်ကသာထင်ရှားစွာရှိသည်။

အသေအချာကြည့်ပါက တံတိုင်းပေါ်တွယ်တက်နေသော ဖြူလွှလွှဝတ်ရုံနှင့်လူတစ်ယောက်သာ။
မည်းနက်နေသောနံရံထက် သူ၏ဖြူဖွေးနုဖက်နေသောလက်ဖဝါးနှစ်ဖက်ပေါ်ထွက်လာခဲ့သည့်နောက် သူတံတိုင်းပေါ်သို့ကျော်ခွတက်နိုင်သွားသည်။
နောက်ဆုံးတော့ အိမ်ရှေ့စံတစ်ယောက်ကိုယ့်နန်းတော်ထဲကိုယ် ခိုးဝင်နိုင်ခဲ့လေပြီ။

ဝမ်ရိပေါ် အရင်ဘဝကကျောင်းနောက်ကျတိုင်း ခြံစည်းရိုးပေါ်ကကျော်တက်ရသည်ထက်နှစ်ဆမက ပိုတက်လိုက်ရသောကြောင့် အနည်းငယ်ဟောဟဲလိုက်နေ၏။
နံရံမှသဲများပေကျံနေသောသူ့လက်ဖဝါးများအား ပွတ်တိုက်ခါချလိုက်ကာသက်ပျင်းချလိုက်သည်။

" ဟူး..ငါလေး တကယ်အိမ်ရှေ့စံပါနော် "

ငြီးတွားရင်းနဲ့ နန်းတော်နယ်နိမိတ်ဝန်းထဲလိုက်ကြည့်ရသေး၏။

အစောင့်များမရှိသလို ခွေးတစ်ကောင်ကြောင်တစ်မြီးတောင်....

ဝုတ်..ဝုတ်...

သောက်ကျိုးနည်း!

ဝမ်ရိပေါ်လန့်သွားရ၏။
သူ့အတွေးတောင်မဆုံးလိုက်သေး ဘယ်ကတကယ့်ခွေးကလာဟောင်ရလဲလို့။

ဘေးပတ်လည်ကိုကြည့်လိုက်တော့ အမဲလိုက်ခွေးတစ်ကောင်ကို မလှမ်းမကမ်း၌တွေ့လိုက်ရသည်။
အကောင်တော်တော်ကြီး၍ အသံကြီးကလည်းဟိန်းနေ၏။
သူသာမသိပဲခုန်ချလိုက်မိပါက ထိုအကောင်နှင့်နှစ်ပါးသွားနေလောက်ပြီ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now