54 ထီးနန်းလွှဲအပ်ရန်ကြေညာချက်

2.6K 293 51
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 54 💎ღ { ထီးနန်းလွှဲအပ်ရန်ကြေညာချက် }

မြို့ထဲတွင် လူအများရုတ်ရုတ်သဲသဲဖြစ်နေကြ၏။

လူများမှာတွန်းထိုးဖယ်ကျော်ရင်းနဲ့ ဘေးလမ်းရှိကျောက်နံရံကြီးရှေ့တွင် သူတစ်ခွန်းကိုယ်တစ်ခွန်းအချင်းချင်းပြောဆိုနေကြသည်။ ဆူညံလှသည့်အတွက် ဘာအကြောင်းအရာမှန်းတောင်မသိရချေ။

တည်းခိုဆောင်မှနှင်ထုတ်ခံလိုက်ရသည့်သုံးယောက်လည်း ထိုလူအုပ်ကြီးအနားရောက်သော် ဘာများဖြစ်လို့လဲဟုအရင်ဆုံးစပ်စုသူမှာဝမ်နင်ပင်။
သူ့ကိုယ်နဲ့လူကြားထဲတိုးဝင်သွားပြီး ရှေ့ဆုံးကိုမကြာခင်ပင်ရောက်သွားတော့ ကျောက်နံရံထက်ကပ်ထားသောအမိန့်စာလွှာကြေညာချက်တစ်ခု။
ဘုရင့်တံဆိပ်တုံးပါပါနေတော့ ဝမ်နင်လည်းအံ့သြသွားကာ အကြောင်းအရာအားစတင်ဖတ်ရှုတော့၏။

စာတစ်ခုလုံးအဆုံးတွင် ဝမ်နင်ပါးစပ်အဟောင်းသားဖြစ်သွား၍ ဘေးနားကလူတွေပြောနေကြသောစကားက သူ့နားထဲအလိုလိုဝင်လာသည်။

" မင်းကြီးကဘာလို့ ရုတ်တရက်ကြီးအိမ်ရှေ့စံကိုထီးနန်းလွှဲပေးရတာလဲမသိဘူး "

" ဟုတ်တယ်မိတ်ဆွေရ..မကြာသေးခင်ကမှမင်းသား၈ရဲ့ပေးစပ်မှုကြီးကြောင့် ကျိန်စာပြယ်သွားပြီးပြီမဟုတ်ဘူးလား..
တစ္တေဘုရင်လည်းမင်းသား၈ကိုခေါ်ပြီးထွက်သွားပြီလေ ဘာအရေးများရှိနေသေးလို့လဲမသိဘူး "

" ကျုပ်ကတော့ အိမ်ရှေ့စံကထီးနန်းတက်ဖို့ငယ်သေးတယ်ထင်တာပဲ မင်းကြီးကဘာလို့အလောတကြီးဆုံးဖြတ်ရတာလဲနော် "

" အင်း အိမ်ရှေ့စံလည်းကြင်ယာတော်မမြှောက်ရသေးဘူး နန်းတက်ရင်တော့သူ့စီဆက်သခံရတဲ့မိန်းမပျိုတွေများတော့မှာပဲဗျ "

" အဲဒါကတော့ဖြစ်နိုင်တယ်ဗျို အိမ်ရှေ့စံကငယ်သေးတော့ဘာမှမဆုံးဖြတ်နိုင်ဘူး ဒီတော့သမတ်ကိုချုပ်ကိုင်ချင်တဲ့​ယောက္ခမတွေပေါနေမှာ "

" အဲ့လိုတော့မပြောနဲ့အုံးယောင်းရင်းရ အိမ်ရှေ့စံကတစ္ဆေဘုရင်ကိုတောင်ဖမ်းခေါ်လာနိုင်တာနော် ဓားရေးကလည်းကောင်းမှကောင်းတဲ့ "

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Hikayelerin yaşadığı yer. Şimdi keşfedin