Ch 5 ဇာတ်လိုက်မနေရာသို့ ဝင်ရောက်ခြင်း

3.9K 413 26
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 5 💎ღ
{ဇာတ်လိုက်မနေရာသို့ ဝင်ရောက်ခြင်း}

ဥယျာဥ်တော်၏တောင်ဘက်ပိုင်းနေရာတစ်ဝန်းလုံးသည် ဥတုလေးပါးလုံးအေးမြလျက်ရှိကာ အချိန်မရွေးစိတ်လက်ကြည်လင်စေကာ သောကများဖြာနေသည့်လူတစ်ယောက်အတွက်တောင် အပူအပင်ကင်းမဲ့သွားစေနိုင်သည်။
တိုင်းပြည်အုပ်ချုပ်မင်းလုပ်ရသော ဘုရင်ကြီးသည်ဘည်း အရေးကိစ္စများရှုပ်ထွေးကာစိတ်မကြည်မလင်ရှိချိန်တိုင်း ဤနေရာသို့ပဲလာရောက်ကာ စိတ်အပန်းဖြေတတ်သည်။

ထိုနေရာတစ်ဝိုက်တွင်ခေတ္တမျှနားခိုနိုင်သော တည်းခိုသည့်နေရာလေးများရှိပေသည်။
ဘုရင်ကြီးအတွက်ကတော့သီးသန့်ဖြစ်ပြီး မိဖုရားများနှင့် မင်းသားမင်းသမီးများအတွက်ကတော့ တည်းခိုးရန်နေရာ ဆယ်ဂဏန်းလောက်ထားရှိထားသည်။
ဥယျာဥ်စောင့်များ သစ်သီးခူးပြီးတိုင်း ခေတ္တာထားသိုခြင်းများလည်းရှိသည်။
အကာအရံမပါပဲအမိုးတစ်ခုအောက် ကျောက်စားပွဲတစ်လုံးနှင့် ထိုင်ခုံးနှစ်လုံးစီသာရှိသောကြောင့် တောအုပ်အလယ်ကစားသောက်ဆိုင်လေးလိုပင်။

မင်းသားကျန့်၏ခေါ်ဆောင်ရာအတိုင်း ရိပေါ်လိုက်ပါခဲ့ကာ သူ့ကိုယ်သူအိမ်ရှေ့စံဖြစ်နေမှန်းပင်သတိမရတော့ပဲ ထိုတည်းခိုဆောင်လေးများထဲ ဝင်လိုက်ထွက်လိုက်ဖြင့်ပတ်ဆော့နေလေသည်။

ရှေ့မှလျှောက်သူကတော့မသိပဲ ခြေသံမကြား၍နောက်လှည့်ကြည့်ကာမှ နားနေဆောင်တစ်ခုအတွင်း ပတ်ပြေးနေသောအိမ်ရှေ့စံအားတွေ့လိုက်ရသည်။
ကျောက်သားဖြင့်ပြုလုပ်ထားသောစားပွဲကို လက်ဖြင့်ရိုက်ကြည့်လိုက် ကျောက်ခုံအေးအေးတွင်ထိုင်ကြည့်လိုက်ဖြင့် မျက်နှာကလည်းရွှင်မြူးနေမှန်းသိသာလှသည်။
ကစားကွင်းထဲရောက်နေသောကလေးပင် သူ့လောက်တက်ကြွမည်မဟုတ်ပေ။

တကယ်လည်း ဝမ်ရိပေါ်သည်ကလေးထက်ပက်ပျော်တတ်သည်။
သို့သော်ငြားသူ၏ပျော်ရွှင်မှုသည် စိတ်လွတ်လက်လွတ်သွားသည့်အချိန်မှသာပေါ်လာတတ်သည်။
ထို့ကြောင့်အရင်ဘဝကလည်း သူငယ်ချင်းများကသူ့အားပျော်တတ်သူဟုမထင်ခဲ့။
အခုလည်း ဒီလောက်သာယာသောဥယျာဥ်အကြီးကြီးထဲ ထူးဆန်းတဲ့ရှေ့ခေတ်အပြင်အဆင်တွေကြား မျက်မြင်တွေ့နေရသောသူ့မှာ မပျော်ပဲမနေနိုင်။
အရင်ဘဝက အဖိုးဖြစ်သူ၏ဧကများစွာကျယ်ဝန်းသောခြံကြီးထက်ပင် ဒီနေရာကပိုပျော်ဖို့ကောင်းသေးသည်။
သူ့ရှေ့အခုချက်ချင်းဘောလုံးတစ်လုံးသာရောက်လာမည်ဆိုပါက ဝတ်ရုံကိုမပြီးဥယျာဥ်အနှံ့ပတ်ကန်မိမှာပင်။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now