34 မယုံကြည်နိုင်သောကုသမှု

2.3K 295 17
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 34 💎ღ { မယုံကြည်နိုင်သောကုသမှု }

" ကောကော..ခဏစောင့်ပါအုံး! "

ရှောင်ဝမ့်ခေါ်သံကြားမှ မင်းသားကျန့်ခြေလှမ်းများရပ်တန့်သွားကာ နောက်သို့ပြန်လှည့်ကြည့်လိုက်မိသည်။
ထိုကောင်လေးကသူ့နောက်လိုက်လာသည်တဲ့။

" ရှောင်ဝမ်? "

ရိပေါ် မင်းသားကျန့်စီအမြန်ပြေးလာလိုက်ကာ လက်ကိုကျစ်ကျစ်ပါအောင်သွားရောက်ဆုပ်ကိုယ်လိုက်၍ ပြောလိုက်သည်။

" ဘာမှမစိုးရိမ်နဲ့..မယ်မယ့်စီမှာကျွန်တော်ပေးထားတဲ့ဆံထိုးရှိတယ်လေ အဆင်ပြေမှာပါ..
အတူသွားကြရအောင် "

ထိုအခါမှမင်းသားကျန့်ရင်ထဲမှပူပန်မှုကတစ်ဝက်ခန့်ကျသွားရပြီး "အင်း" ဟုပြန်ဖြေလာခဲ့သည်။

ကံကောင်း၍သာရိပေါ်ခေါ်တာအောင်မြင်သွား၍ မင်းသားကျန့်ခြေလှမ်းများရပ်တန့်နိုင်ခဲ့သည်။
အခုတော့အတူသွားနိုင်လေပြီ။
မဟုတ်ပါက မင်းသားကျန့်တစ်ယောက်တည်းရောက်သွားလို့ကတော့ အရှုပ်အထွေးကြီးကသူ့ခေါင်းပေါ်ကျသွားမှာပင်။

ဇာတ်လမ်းထဲ၌ မိဖုရားကြီးဟာမင်းသားကျန့်၏မယ်တော်ကို အဆိပ်ခတ်လုပ်ကြံချိန်က ဒီလောက်စောပြီးရောက်လာလိမ့်မည်ဟုသူမထင်ခဲ့။
ဇာတ်လမ်းထဲ၌ မင်းသမီးချင်ကမင်းသားကျန့်အပေါ်အမြင်ကြည်နေပြီး မင်းသားကျန့်မယ်တော်ကိုလည်းလိုအပ်တာထက်ပိုကာရိုသေနေသောကြောင့် မိဖုရားကြီးကမင်းသားကျန့်၏မယ်တော်ကိုအဆိပ်ခက်ကာ မင်းသားကျန့်အားချောက်တွန်း၍ အကောက်ကြံခဲ့သည်။

အခုတော့သူ့ကြောင့်မှ မင်းသားကျန့်အားမိဖုရားကြီးကမုန်းတီးသွားပြီး သူ့ကြောင့်ပဲမင်းသားကျန့်၏မယ်တော်အဆိပ်ခက်ခံရလေပြီ။
သူ့တွင်တာဝန်မကင်းပါချေ။
ဇာတ်လမ်းထဲမှာထိုအချိန်တုန်းက မင်းသမီးချင်ကိုမင်းသားကျန့်က သဘောမကျခဲ့ပေမယ့် အခုတွင်မင်းသားကျန့်က သူ့ကိုမေတ္တာရှိနေပြီဖြစ်တဲ့အတွက် ချစ်သူကောင်းတစ်ယောက်အနေဖြင့်ရိပေါ်မှာ တာဝန်အပြည့်အဝရှိသည်။
သူချစ်ရတဲ့သူရဲ့အမေကိုတော့ သူ့ကြောင့်မပျက်စီးလို။
ချစ်ရသူစီကလည်းနာကျည်းမှုများမရချင်။
မနာကျင်စေချင်ပါ။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Donde viven las historias. Descúbrelo ahora