Ch 13 ရှောင်ဝမ်ပြောတဲ့ပုံပြင်လေး

3K 331 14
                                    

Unicode

—͟͟͞͞𖣘 ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ် 🥀✨

💎ღ 𝑪𝒉𝒂𝒑𝒕𝒆𝒓 13 💎ღ
{ရှောင်ဝမ်ပြောတဲ့ပုံပြင်လေး}

မနေ့ကဥယျာဉ်တော်တွင်အတော်ပျော်ခဲ့သော ဝမ်ရိပေါ်မှာ ဒီနေ့လည်းမင်းသားကျန့်စီခွင့်တောင်း၍ ဥယျာဉ်တော်သို့လိုက်လာပြန်သည်။
ဒီနေ့တော့သစ်ပင်လေးတစ်ပင်စိုက်ရမည်ဟု မင်းသားကျန့်ပြောသောကြောင့် သူတက်ကြွလို့နေ၏။
ဘုရင်ကြီးကလည်း အခုတလောညီလာခံတွေနဲ့ပဲအချိန်ပြည့်နေပြီး မိဖုရားကြီးကလည်း အဆောင်ပြင်မထွက်ရသောမင်းသမီးချင်စီ ခဏခဏသွားတွေ့နေတာကြောင့် ဝမ်ရိပေါ်လွတ်လပ်နေပေသည်။

ဇာတ်အကြောင်းကိုကြိုသိနေ၍လည်းသူပိုလွတ်လွတ်လပ်လပ်နေနိုင်သည်။
အခုတလောဘုရင်ကြီး ညီလာခံတွေပဲတက်နေရတာ သူ့ကြောင့်ဆိုတာသူသိသည်။
နောက်လထဲအိမ်ရှေ့စံဆယ့်ခြောက်နှစ်ပြည့်လျှင် တိုင်းတပါးကမင်းသမီးနှင့်ပေးစားခံရမှာ ဝမ်ရိပေါ်သိတာပေါ့။
ထိုတိုင်းပြည်ကြီးကလည်းအင်အားကြီးမားတာမို့
ဘုရင်ကြီးက အရင်ဆုံးမဟာမိတ်ဖွဲ့ကာ လက်ဆက်မှုအားကမ်းလှမ်းမည်ဖြစ်သည်။

အမှန်တော့ထိုမင်းသမီးလေးက မင်းသမီးချင်လိုပဲ သူမတူသည့်အလှလေးပင်။
သို့သော်ကံမကောင်းချင်းတော့ သူတို့တိုင်းပြည်သို့အလာ လမ်းတွင်ဓားပြများနှင့်တွေ့ပြီး ထိုမင်းသမီးလေးခမျာ ဓားပြခေါင်းဆောင်လူချောလေးဖြင့်ဖူးစာဆုံသွားခဲ့သည်လေ။
ထို့ကြောင့် ဝမ်ရိပေါ်တို့ကအေးအေးဆေးဆေးပင်။
မူလဇာတ်ကိုသိနေ၍ သူဘာမွကိုပူမေန။
မူလအိမ်ရှေ့စံကတော့ ဇာတ်လမ်းထဲမှာ သူလက်မထပ်လိုက်ရတဲ့မင်းသမီးလေးကို ခိုးယူသွားသည့်ဓားပြအားမြေလှန်ရှာခိုင်းခဲ့ကာ အကျဉ်းချခဲ့သည်။
အဲ့တော့မှဓားပြရဲ့ဇနီးသည် မင်းသမီးလေးကသူမတိုင်းပြည်က ခမည်းတော်ဘုရင်ကြီးစီ သူမ၏ခင်ပွန်းသည်ဓားပြခေါင်းဆောင်လေးအား ကယ်ပါရန် တောင်းပန်စာရေးပြီး စာတော်လွှတ်ခဲ့သည်။
သူမတွင်ရင်သွေးလေးရနေပြီဖြစ်ကြောင်းလည်းပြောခဲ့သည်။

ထိုအခါမွ တစ်ဖက်တိုင်းပြည်ကဘုရင်ကြီးကိုယ်တိုင်လာရောက်ကာ အကျဉ်းကျခံထားရတဲ့သူ့သမတ်တော်နဲ့ သူ့အချစ်ရဆုံးသမီးတော်လေးအား ဝမ်ဘုရင်ကြီးမှအသနားခံလွှတ်ပေးရန်တောင်းပန်ပြီး ပြန်ခေါ်သွားခဲ့သည်။
နှစ်နိုင်ငံမဟာမိတ်လည်းမပြတ်ရပါဟုကတိပြုခဲ့ပြီး လျော်ကြေးအနေနဲ့စစ်သည်တစ်သိန်းနှင့် မြင်းကောင်ရေငါးသောင်းအားပေးအပ်ခဲ့၏။
ဝမ်ဘုရင်ကြီးလည်းမတတ်နိုင်သည့်အဆုံး သားတော်အိမ်ရှေ့စံလေးအား လက်ဆက်ပေးမည့်အစီအစဉ်ပျက်စီးသွားရပြီး အမတ်ကြီးများနှင့်တိုင်ပင်ကာ ချောပေ့လှပေ့မင်းသမီးငယ်လေးတို့ကိုထပ်မံရှာဖွေစေတော့၏။

ရှောင်းဧကရာဇ်၏ ကြင်ယာတော်ဝမ်(COMPLETE)Where stories live. Discover now