အပိုင်း(၁+၂)Uni

25.5K 905 49
                                    

နေမပူမပြင်းသောနေ့လယ်၄နာရီအချိန်တွင်မောင်သာဗျောတစ်ယောက်ကျွဲကျောင်းနေလေသည်။
လက်မှာလည်းကြိမ်လုံး
ကိုကိုင်ကာဘယ်ညာဝှေ့ယမ်းပြီး...

🎶နေညိုချိန်တိမ်တောက်တဲ့အခါရွာလမ်းကလေးမှာ..စာဥတို့သူငယ်
ချင်းမတွေရေခပ်ဆင်းလို့လာ...သီချင်းလေး🎶

သီချင်းဆိုရင်းကိုသာဗျောလို့ခေါ်သည့်အသံကြောင့်လှည့်ကြည့်လိုက်တော့..

"ဟောမိအေးတို့အုပ်စုပါလားရေခပ်ဆင်းမလို့လားဗျ"

"ဟုတ်ပါ့တော် သြော် ဒါနဲ့ကျွဲကျောင်းပြီးရင် သူကြီးကအိမ်ပြန်လာခဲ့ပါဦးတဲ့"

"ဟုတ်ပါပြီဗျာ"

ကျွဲကျောင်းရင်းနေတောင်ဝင်တော့မည်။ညဘက်ရောက်သွားရင်လည်းမှောင်မှောင်မဲမဲနှင့်
ကျွဲတွေပျောက်သွားရင်တော့သာဗျောအတွက်ခက်ရသည်။ထို့ကြောင့်ပိုင်ရှင်ဆီအပ်ကာအိမ်သို့ပြန်မည်ဟုဆုံးဖြတ်လိုက်တော့၏။

"ဦးဖိုးတုတ်ရေကျုပ်ကျွဲတွေကိုတင်းကုပ်ထဲအကုန်သွင်းခဲ့ပြီဗျို့"

"​​အေးအေးငါ့တူရေ....ကျေးဇူးပါကွယ်ဦးလေးလည်းမအား
လို့အားနာလိုက်တာ"

"ရပါတယ်ဗျာအခုလိုကူညီရတာပဲပျော်နေပါပြီဗျ နောက်အကူအညီလိုရင်လည်းပြောပါဦး"

"ဟုတ်ပါပြီကွာ...အိမ်အပြန်လမ်းဂရုစိုက်ဦး"

"ကျေးဇူးပါဗျာ"

ဦးဖိုးတုတ်သည်ရွာမြောက်ပိုင်းကဖြစ်ပြီးသာဗျောသည်အရှေ့ပိုင်းကဖြစ်သည်။ဦးဖိုးတုတ်ဆီသွားမည်ဆိုပါကသင်္ချိုင်းတစ်ခုကိုဖြတ်ပြီးသွားရသည်။သာဗျောသည်သရဲဆိုသည့်အသံကြားတာနှင့်သေးထွက််မတက်ကြောက်ပါသည်။အခုတောင်သာဗျောတစ်ယောက်သင်္ချိုင်းနားသို့ရောက်နေပြီးခွေးများဟာလည်းအလွန်အူလာပါသည်။

ဝုတ်..ဝုတ်..ဝူဝူဝူ..

*$ခွေးတွေအချိန်ကိုမှန်လို့ငါအိမ််ရောက်မှအူတော့သေမှာဆိုးလို့လားးးပြောရင်းနဲ့ပိုအူလာပြီကြည့်စမ်း။အေးမင်းတို့ လည်ချောင်းနာပါစေ။ဟွန့်..သာဗျောကိုဘာမှတ်*

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now