အပိုင်း(၂၈)Uni

3.2K 180 3
                                    

ထမင်းစားပြီးမွန်းတည့်အချိန်လောက်သူကြီးတို့ငါးယောက်ထိုခုံလေးမှာထိုင်ကြရင်းမင်္ဂလာပွဲအကြောင်းဆွေးနွေးနေသည်။

"နန္ဒ ငါတို့ရဲ့မင်္ဂလာဖိတ်စာကိုရန်ကုန်ကနေတဆင့်မှာထားတာမနက်ဖြန်ညနေရောက်မယ်မင်းတို့သွားယူလိုက်"

မြတ်မင်းပိုင်ပြောသောစကားကိုနန္ဒတစ်ယောက်လည်းဟုတ်ကဲ့ဟုခေါင်းညိတ်လိုက်သည်။

သူကြီးတစ်ယောက်လည်းအခါးရည်တစ်ငုံသောက်ကာခွက်ကိုခုံပေါ်သို့ပြန်ချပြီး...

"ဒါဆို..အင်္ကျီကရော..ဘယ်လိုလုပ်မလဲ..ဒီအနီးအနားမှာလည်းအင်္ကျီဆိုင်မရှိဘူး...ဝယ်ရင်မြို့တက်ဝယ်ရမှာရက်ကလည်းနီးနေပြီမဟုတ်လား"

"ဒါတော့စိတ်မပူပါနဲ့ဦးလေး..ကျွန်တော်တို့ဆီမှာရှိတဲ့ပုဆိုးကိုပဲဝတ်လိုက်တော့မယ်..ခမ်းခမ်းနားနားကြီးမဟုတ်ပဲနဲ့...ရိုးရိုးအေးအေးလေးပဲလုပ်ကြတာပေါ့"

ဆိုကာမြတ်မင်းပိုင်ဝင်ပြောတော့သည်။ထိုစကားကိုလည်းသာဗျောတစ်ယောက်ထောက်ခံသည်။

"ဒါဆိုဘာကြွေးမယ်စဥ်းစားထားလဲ.."

လရောင်လည်းဝင်ပြောလိုက်သည်။

"ထမင်းကြွေးမလား...."

"ဟာလရောင်ကလည်းထမင်းကအလုပ်မရှုပ်ဘူးလား...အုန့်နို့ခေါက်ဆွဲဆိုရင်ရော"

သာဗျောစကားကိုသူကြီးတို့ရောနန္ဒတို့ပါထောက်ခံသည်။မြတ်မင်းပိုင် ကတော့သူ၏ငယ်ဆန္ဒအတိုင်းပင်။သူကြီးလည်းထောက်ခံတဲ့အနေနဲ့ဝင်ပြောသည်။

"ဟုတ်ပြီလေဒါဆိုအုန်းနို့ခေါက်ဆွဲပဲကြွေးကြတာပေါ့...ငါမဏ္ဍပ်ကိစ္စစီစဥ်ဖို့ရွာထဲကလူတွေနဲ့သွားတိုင်ပင်ဦးမယ်...သာဗျော..မင်းလည်းမင်းအမကိုဖုန်းဆက်ပြီးဒီကိုပြန်လာခိုင်း.."

ဆိုကာသူကြီးတစ်ယောက်အိမ်မှထွက်ခွာသွားတော့သည်။သာဗျောလည်းခုံပေါ်မှဖုန်းကိုကောက်ကိုင်လိုက်သည်။သာဗျောဟာသူ့ဖုန်းကိုသူသွားလေရာခေါ်သွားတတ်သည်။အမဆိုသောContactsကိုနှိပ်ကာသာဗျောတစ်ယောက်ဖုန်းခေါ်လိုက်သည်။

"ဟယ်လို...အမလား"

"အေး...ဘာကိစ္စရှိလို့လဲ.."

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now