အပိုင်း(၁၃)Uni

4.6K 245 6
                                    

မနက်ခင်း၏နေရောင်ခြည်ဟာမြတ်မင်းပိုင်တို့အခန်းသို့ဖြာကျနေတော့သည်။ငှက်ကလေးတွေ၏အော်မြည်သံနှင့်အတူအင်းလေးကန်ကြီး၏လန်းဆန်းမှုသည်လည်းလေတချက်တိုးလိုက်တိုင်းနှာခေါင်းနားသို့ဖြတ်ဖြတ်သွားသည်။ထိုအချိန်မြတ်မင်းပိုင်တစ်ယောက်နိုးလာခဲ့၏။ဘေးနားတွင်အိပ်နေသောသူ့ငယ်၏နဖူးပေါ်သို့အနမ်းတစ်ချက်ဖွဖွလေးပေးလိုက်သည်။သူ၏ငယ်ကတော့အခုထိအိမ်မက်ထဲမှာပဲရှိသေးသည်။သည်နေ့31ရက်နေ့​ဖြစ်ပြီးနောက်ဆုံးနှစ်ရဲ့အကုန်ရက်ဖြစ်သလိုနှစ်သစ်ရဲ့အကြိုရက်လည်းဖြစ်သည်။မြတ်မင်းပိုင်တစ်ယောက်သူ့၏ငယ်ကိုတက်ခွလိုက်ပြီးငယ့်ရဲ့ဗိုက်ပေါ်သို့ခေါင်းလေးတင်ကာဖက်ထားတော့သည်။ထိုအပြုအမူကြောင့်အောက်ကငယ်လည်းနိုးလာတော့၏။

"ဦး..နိုးနေတာကြာပြီလား"

"အွန်းငယ်​လည်းထတော့လေ...ကိုတို့ပြီးရင်Guideခေါ်ပြီးနေရာအနှံ့လျှောက်ကြည့်ကြမယ်"

"ဦး..ခဏလေး၅မိနစ်ပဲ"

မြတ်မင်းပိုင်တစ်ယောက်ငယ့်ရဲ့ဗိုက်ပေါ်မှာတင်ထားသောသူ့၏ခေါင်းကိုဖယ်ကာအင်္ကျီကိုအပေါ်သို့လှန်လိုက်သည်။ပြီးနောက်သာဗျောရဲ့ဗိုက်နုနုလေးသို့ကျရောက်လာသောနှုတ်ခမ်းတစ်စုံ။သာဗျောလည်းအဲ့လိုကလိနေတော့ဘယ်လိုမှမနေတတ်တော့ပေ။

"အားးးဦး...ယား..ယားတယ်....မလုပ်နဲ့တော့ကျုပ်ထပြီ...ခစ်ခစ်"

မြတ်မင်းပိုင်လည်းသည်လောက်နှင့်တင်မလွှတ်ပေးသေးအင်္ကျီကြယ်သီးကိုတစ်လုံးချင်းဖြုတ်နေတော့သည်။သာဗျောလည်းရှက်ရှက်နှင့်..

"ဦး...မနက်ကြီးပဲရှိသေးတယ်ဘာလုပ်နေတာလဲ"

လို့ပြောပြီးကုန်းရုန်းထကာကုတင်ပေါ်ကပြေးဆင်းလေသည်။မြတ်မင်းပိုင်လည်းငါ့လက်ကလွတ်မလားဆိုသောအကြည့်နှင့်လိုက်ဖမ်းတော့၏။

ခဏအကြာသာဗျောကိုမိသွားတော့သည်။

"လာစမ်းဒီကို..."

ဆိုပြီးအိပ်ယာပေါ်ဆွဲချလိုက်သည်။
သာဗျောလည်းရုတ်တရက်ကြီးဆိုတော့"အင့်"ခနဲအသံထွက်ကာကုတင်ပေါ်သို့ဘုန်းခနဲလှဲကြတော့သည်။ထို့နောက်မြတ်မင်းပိုင်းလည်းအပေါ်ကအုပ်မိုးလိုက်ပြီးတဖြည်းဖြည်းနှင့်အကြည့်ချင်းဆုံရင်းသာဗျောနှုတ်ခမ်းပေါ်သို့နမ်းဖို့ဖြေးဖြေးချင်းတိုးလာသည်။.နှုတ်ခမ်း၂ခုဟာထိတော့မဲ့အကြံ....

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now