ဇာတ်သိမ်းပိုင်းUni

7K 249 7
                                    

သူကြီးတစ်ယောက်လည်းထိုအဖြစ်အပျက်ကိုသတိထားမိပြီဖြစ်တာကြောင့်ထိုခုံမှထကာမြတ်မင်းပိုင်တို့နားအမြန်လျှောက်သွားတော့သည်။မြတ်မင်းပိုင် တစ်ယောက်လည်းဘာမှတွေဝေမနေတော့ဘဲရေထဲသို့ဗွမ်းကနဲကူးကာရေအောက်ငုံ့ရင်းငယ့်ကိုရှာတော့သည်။

"သားလရောင်ဘာဖြစ်ကြတာလဲကွယ်....သာဗျောရော"

လရောင်တို့လည်းရေထဲမှကုန်းပေါ်သို့တက်လာကာသူကြီးဘေးနားသို့လာရပ်သည်။

"သာဗျောပျောက်သွားလို့ပါဦးလေး"

"ဟေ...သား"

သူကြီးတစ်ယောက်ပင်လယ်ဘက်ကိုကြည့်ကာစိတ်ပူဟန်ဖြင့်သွားမယ်အလုပ်နန္ဒတို့ကတားထားရသည်......။

"ဦးလေးရယ်မသွားပါနဲ့...Bossလည်းအခုရှာနေပြီပဲဟာ..ကျွန်တော် တို့ခနစောင့်ကြည့်ရအောင််နော်"

သူကြီးတစ်​ယောက်လည်းခြေလှမ်းများကိုရပ်လိုက်ကာခဏငြိမ်သက်လိုက်ပြီးခေါင်းလေးညိမ့်လာသည်။မြတ်မင်းပိုင်တစ်ယောက်လည်းရေအောက်ငုံ့လိုက်အသက်ရှူကြပ်လာလျှင်ရေပေါ်ပေါ်လိုက်ဖြင့်လိုက်ရှာနေတော့သည်...။နောက်တစ်ခေါက်ပြန်ငုံ့သွားကာရေအောက်၌မျက်လုံးကိုမရမကဖွင့်ရင်းရှာနေသည်..။.ထိုအချိန်အရှေ့တွင်လူတစ်ယောက်ကဘာကူးခတ်မှုမှမရှိပဲရေအောက်ကြမ်းပြင်သို့တဖြည်းဖြည်းကျရောက်နေသည်...။မြတ်မင်းပိုင် လည်းထိုလူနားအမြန်သွားကာခန္ဓာကိုယ်ကိုပိုက်ပြီးသယ်လာသည်...။
ထိုလူကိုလည်းလက်တစ်ဖက်ကဖက်ထားရင်းမြတ်မင်းပိုင်တစ်ယောက်ရေကူးလာသည်။

"ဟာဦးလေးဟိုမှာBossတွေ့လာပြီထင်တယ်"

သူကြီးတို့လည်းမြတ်မင်းပိုင်တို့နားလျှောက်သွားလိုက်သည်။.မြတ်မင်းပိုင်တစ်ယောက်ရေအောက်၌ဆယ်လာသောသူကိုသဲသောင်ပြင်ပေါ်ချပေးလိုက်သည်။.ရေအောက်၌ထိုလူရဲ့မျက်နှာဟာဝါးနေတာကြောင့်ငယ်ဟုတ်ပါ့မလားဆိုသောအတွေးဖြင့်ထိုလူအားသေချာစိုက်ကြည့်လိုက်သည်။

ဟုတ်ပါသည်..ငယ်မှငယ်အစစ်နှုတ်ခမ်းလေးတွေများဖြူဖျော့နေသည်။

"သားမြတ်မင်းပိုင်ကြောင်ပြီးကြည့်မနေနဲ့လေတစ်ခုခုလုပ်အုံး"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now