မနက်ခင်း၏အအေးဓာတ်ကြောင့်မြတ်မင်းပိုင်တစ်ယောက်နိုးလာခဲ့သည်။မျက်လုံးပင်မဖွင့်ရသေးခန္ဓာကိုယ်ကိုယ်ကျစ်နေအောင်ဖက်ထားခြင်းခံရသောကြောင့်မြတ်မင်းပိုင်အလျင်အမြန်မျက်လုံးဖွင့်လိုက်သည်။ဘေးကိုကြည့်လိုက်တော့ဒေလီယာဆိုသောမိန်းမပင်။
"ကျစ်...."
စုတ်တစ်ချက်သက်ကာကုတင်ပေါ်ကကုန်းထပြီးမတ်တတ်ရပ်လိုက်သည်။မြတ်မင်းပိုင်နိုးသွားသည်ကိုသိသောဒေလီယာလည်းအိပ်နေရင်းထထိုင်ကာ....
"ကိုကိုနိုးပြီလား"
"မင်းတော်တော်အောက်တန်းကျတာပဲ....မင်းတော်တော်ဖြစ်နေလားဟမ်....ဖြေလေ"
"ကိုကိုကလည်းဒေလီကို့ကိုနားမှာအိပ်ချင်လို့ပါ"
"ငါကတော့မင်းနဲ့မအိပ်ချင်ဘူးးးးဘာလို့လဲသိလားးးရွံ့လို့...ငါမင်းကိုရွံ့လို့.....ထွီ"
"အင့်...ဟင့်...ကိုကိုကလည်းဒေလီကိုအဲ့လိုမပြောပါနဲ့ကိုချစ်တဲ့သူနားမှာအိပ်တာအပြစ်လား"
"ဘာချစ်တယ်ဟုတ်လားးးမင်းပါးစပ်ကချစ်တယ်လို့မပြောနဲ့မတန်ဘူးးးငါကတော့မင်းကိုလုံးဝမချစ်ဘူးးးသွားအခုထွက်သွား..."
"ဟက်..သွားမှာပါကိုကို...ဒါနဲ့တစ်ခုတော့မှတ်ထားပေးပါ..ကိုကိုကဒေလီ့အပိုင်ပဲ"
"တောက်စ်.."
ဒေလီယာတစ်ယောက်လည်းစိတ်တိုတိုဖြင့်အိပ်ခန်းထဲမှထွက်သွားတော့သည်။
*ကျစ်ဘယ်လိုမိန်းမမျိုးလဲကွာ...တစ်ခါမှမမြင်ဖူးဘူးးးးဟူးးး*
ဆိုပြီးလေပူတစ်ချက်မှုတ်ထုတ်ကာရေချိုးပြီးမနက်စာသွားစားလေ၏။
မြတ်မင်းပိုင်တစ်ယောက်လှေကားကနေအောက်သို့ဆင်းလာခဲ့သည်။စားပွဲဝိုင်းတွင်ဦးမြတ်မင်းနှင့်၊ဒေါ်သူဇာ ဒေလီယာတို့သုံးယောက်မနက်စာစားရင်စကားနှောင်ဖွဲ့နေကြသည်။
"သားနိုးပြီလားးဘာလို့ဒေလီကိုအော်လိုက်တာလဲကွယ်..အခန်းထဲကိုအမေလွှတ်လိုက်တာ"
မြတ်မင်းပိုင်လည်းဒေလီ့ကိုစူးရှသောအကြည့်တွေနှင့်ကြည့်ပြီးဦးမြတ်မင်းဘေးသို့ဝင်ထိုင်လိုက်သည်။
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...