မနက်၆နာရီအနာရီအချိန်လောက်သူတို့လေးယောက်စလုံးHotelထဲမှခရီးဆောင်အိတ်တွေနှင့်အတူထွက်လာသည်။အင်းသူအင်းသားများကိုနှုတ်ဆက်ပြီးလှေဖြင့်အင်းလေးမှထွက်ခွာတော့သည်။လေ၏တိုက်ခတ်မှုကြောင့်အအေးဓာတ်သက်သာအောင်လေးယောက်စလုံးအနွေးထည်ထူထူဝတ်ထားကြသည်။သည်လိုနှင့်ထိုလှေဟာညောင်ရွှေသို့ရောက်လာကြသည်။ညောင်ရွှေမှာအပ်ထားခဲ့သောကားကိုပြန်ယူကာပင်းတယမြို့ရှိရေချမ်းစင်ရွာသို့ပြန်လာကြသည်။သာဗျောနှင့်လရောင်ကတော့အိပ်ချင်လို့ဆိုပြီးအနောက်ခန်းမှာနှစ်ယောက်သားအိပ်ပျော်နေ၏။မြတ်မင်းပိုင်ကတော့နန္ဒမပျင်းရလေအောင်အဖော်ပြုရင်းစကားပြောပေးနေသည်။သည်လိုနှင့်သူတို့ကားလေးဟာအချိန်အတော်ကြာအောင်မောင်းနှင်လာခဲ့ရင်းရွာသို့ရောက်လာသည်။
ကားကိုတော့ထုံးစံအတိုင်းဝပ်ရှော့ကိုပဲလာယူခိုင်းရသည်။မြတ်မင်းပိုင်ဟာနန္ဒခရီးပန်းနေတာဖြစ်သောကြောင့်ရန်ကုန်ကိုတန်းမပြန်ခိုင်းတော့ပေ။ဒီရွာမှာပဲ၇ရက်လောက်နေသွားလို့ဆိုပြီးမှာလေသည်။ဒေလီယာကိုဘယ်လိုလုပ်မလဲဆိုတော့မြတ်မင်းပိုင်ကလွတ်ထားလိုက်တဲ့။.ဂရုစိုက်မနေနဲ့ဆိုတာကြောင့်နန္ဒတို့ဒီရွာမှာခဏလာနေကြသည်။သူတို့လေးယောက်ရွာထိပ်မှာတွေ့တဲ့ထော်လာဂျီကိုငှားပြီးလေးယောက်သားအိမ်သို့ပြန်လာကြသည်။အိမ်သို့ရောက်သောအခါ...
"သူကြီးရေ....သူကြီး...ကျုပ်တို့ပြန်လာပြီဗျ...."
သာဗျောအသံကြားတာနှင့်သူကြီးတစ်ယောက်အိမ်ပေါ်ကနေဆင်းလာသည်။
အချိန်အားဖြင့်၁၁ခွဲနေပြီ..."သြော်..သားတို့တောင်ပြန်ရောက်လာပြီပဲ....လာလာအိမ်ထဲကို.."
သူကြီးတစ်ယောက်သူတို့လေးယောက်ကိုခေါ်ကာအိမ်အောက်ထပ်တွင်ထိုင်ခိုင်းပြီးရေနွေးကြမ်းချပေးသည်။
"ဧည့်သည်တွေလည်းပါလာတာပဲ"
"ဟုတ်တယ်သူကြီး ဒီကအကိုကကိုနန္ဒ...ဒီဘက်ကလရောင်တဲ့"
ဆိုကာသာဗျောနှုတ်ဆက်ပေးလေသည်။
"ဟေ...လာနေတာဟုတ်ပါပြီ...ဒါမဲ့အခန်းကသုံးခန်းရှိတာကွယ်...တစ်ခန်းကစတိုခန်းလိုဖြစ်နေပြီကွဲ့...အဲ့အခန်းကိုရှင်းမှရမယ်..."
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...