အပိုင်း(၈)Uni

5.1K 338 4
                                    

ဒေလီယာတစ်ယောက်အခန်းတံခါးကိုစောင့်ပိတ်ပြီးအခန်းဘက်သို့မျက်စောင်းထိုးကာစိတ်ထဲကပြောလိုက်သည်။

*ကျွန်မလည်းရှင့်ကိုအရမ်းယူချင်နေတယ်မထင်ပါနဲ့ကိုမြတ်မင်းပိုင်...ရှင့်ရဲ့အမွေတွေရှင်ပိုင်တဲ့Companyတွေဟော့ဒီကစံအိမ်ကြီးတွေကိုကျွန်မအပိုင်လုပ်ပြမှာစောင့်ကြည့်နေလိုက်...ဒေလီယာ ဘာဆိုတာရှင်ကောင်းကောင်းသိစေရမယ်..*

ထိုသို့​ကြိမ်းဝါးကာအောက်ထပ်သို့ဆင်းလာခဲ့သည်။

*ငါငိုရမယ်ဒေလီယာမျက်ရည်ထွက်စမ်း*

ဆိုပြီးမျက်ရည်တွေကိုအတင်းညှစ်ထုတ်နေတော့သည်။ပြီးနောက်ဧည့်ခန်းထဲမှာထိုင်နေသည့်ဒေါ်သူဇာဆီသို့သွားပြီး..

"အန်တီ....အင့်..ဟင့်"

"သမီးဘာဖြစ်လို့လဲ...သားနဲ့ပြဿနာတက်လာတာလား"

"ဟုတ်တယ်အန်တီ...ဟင့်...ကိုကိုကဒေလီကိုအော်လိုက်တယ်"

"အန်တီတောင်းပန်ပါတယ်ကွယ်...သားကိုအလိုလိုက်ထားတော့သားကဆိုးနေတာပါ....သမီးကပဲအလျှော့ပေးလိုက်နော်"

"ဟုတ်ကဲ့ပါအန်တီ..."

ဆိုပြီးဒေါ်သူဇာတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်ဖက်လိုက်ကြတယ်။ဒေလီယာကတော့နှုတ်ခမ်းကိုတင်းတင်းစိပြီး​​ပြုံးကာစိတ်ထဲတွင်ပြောလိုက်သည်။

*အလျှော့ပေးရမှာပေါ့..အန်တီတို့ရဲ့အမွေတွေအားလုံးကျွန်မကယူမှာမို့လို့...ဟက်..*

ဖက်ထားရာကနေပြန်ခွာကာဒေါ်သူဇာစကားဆိုလိုက်သည်။

"သမီးအမေနေကောင်းရဲ့လား"

"ကောင်းပါတယ်အန်တီ..."

"အေးကွယ်အန်တီလည်းအားရင်လာခဲ့မယ်လို့ပြောပေးပါဦး"

"ဟုတ်ကဲ့ပါအန်တီ...ဒါဆိုဒေလီပြန်တော့မယ်နော်"

"ထမင်းမစားသွားတော့ဘူးလား
သမီး"

"ရပါတယ်အန်တီ....အိမ်ရောက်မှပဲစားလိုက်တော့မယ်....သွားပြီနော်အန်တီ"

"အေးကွယ်ကားကိုဂရုစိုက်မောင်းဦး"

ဆိုပြီးနှစ်ယောက်သားပြုံးပြကာဒေလီယာကတော့ကားနဲ့ပြန်သွားလေသည်။ဒေါ်သူဇာကတော့ဒေလီယာကိုအော်လိုက်သောမြတ်မင်းပိုင်ကိုဆူရန်အပေါ်သိူ့တက်သွားတော့သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now