အပိုင်း(၂၇)Zawgyi

1.4K 24 2
                                    

သူတို့လေးယောက်လည်းဈေးထဲသွားကာဆိုင်ကယ်ကိုတော့အပ်ထားခဲ့သည်။မနက်စာစားဖို့မုန့်ဆိုင်ထဲသို့လေးယောက်စလုံးဝင်ထိုင်ကြသည်။

စားပွဲခုံမှာဝင်ထိုင်ကြရင်းစားစရာတွေလာချပေးသည်။သာဗျောနှင့်လရောင်တို့ကတစ်တွဲမြတ်မင်းပိုင်နှင့်နန္ဒကတစ်တွဲမျက်နှာချင်းဆိုင်ထိုင်ကြကာမှာထားသောမနက်စာများကိုပူပူနွေးနွေးစားနေကြသည်။

"ဟျောင့်နန္ဒ ငါတို့ဒါစားပြီးရင်ရွှေဆိုင်သွားရအောင်..."

နန္ဒလည်းပါးစပ်ထဲမှပလုတ်ပလောင်းဖြင့်...

"Bossကဘာသွားလုပ်မလို့တုန်း.."

သာဗျောနှင့်နန္ဒလည်းရွှေဆိုင်ဘာသွားလုပ်မလို့လဲဆိုတဲ့ပုံဖြင့်မေးငေါ့ကာမြတ်မင်းပိုင်ကိုစိုက်ကြည့်နေကြသည်။မြတ်မင်းပိုင် လည်းနောက်ဆုံးကျန်သောအလုတ်ကိုဇွန်းနဲ့ခပ်စားလိုက်ပြီးပါးစပ်တွင်ပေနေသာအဆီများကိုတစ်ရှူးဖြင့်သုတ်ကာနန္ဒကိုလှမ်းပြောလိုက်သည်။

"ငါ့ဘာသာဘာလုပ်လုပ်မင်းနဲ့မဆိုင်ဘူး...မင်းသာငါခေါ်တဲ့နောက်လိုက်ခဲ့"

သာဗျောတစ်ယောက်လည်းသိချင်လွန်းသဖြင့်...

"ဦးကဘာလို့သွားမှာလဲ...ဆွဲကြိုးဝယ်မလို့လား.."

မြတ်မင်းပိုင်တစ်ယောက်လည်းသူ့ကလေးငယ်ကိုပြုံးပြကာ..

"ငယ်ရယ်..ကိုကပြောပြမှာပေါ့အခုတော့မဟုတ်သေးဘူးလေနော်.."

နန္ဒတစ်ယောက်သူ့ကိုကျတော့ဘုဆက်ဆက်ပြောပြီးသာဗျောကိုတော့မခုတ်တတ်တဲ့ကြောင်လေသံဖြင့်ပြောသောမြတ်မင်းပိုင်ကိုနှာခေါင်းရှုံ့လိုက်သည်။

သူတို့လေးယောက်လည်းမနက်စာစားပြီးကာရွှေဆိုင်သွားဖို့ဆိုင်ကယ်စက်နှိုးလိုက်သည်။.ဒီတစ်ခါတော့လူချိန်းသွားကြသည်။မြတ်မင်းပိုင်နှင့်နန္ဒကတစ်စီးသာဗျောနှင့်လရောင်ကတစ်စီးပြောင်းလိုက်သည်။သာဗျောတစ်ယောက်ဘာလို့သူနှင့်လိုက်မစီးတာလဲဟုမြတ်မင်းပိုင်ကိုမေးခွန်းထုတ်လိုက်သည်။မြတ်မင်းပိုင် တစ်ယောက်နန္ဒနှင့်အလုပ်ကိစ္စအကြောင်းလေးပြောစရာရှိလို့လို့လိမ်လိုက်၏။အမှန်တကယ်တော့အကြောင်းတစ်ခုခုရှိလို့ဆိုင်ကယ်ပြောင်းစီးကြတာဖြစ်သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now