အပိုင်း(၂၃)Uni

3.5K 204 2
                                    

မနက်မိုးသောက်ချိန်ဆောင်းနှင်းမြူများဟာလည်းကောင်းကင်၌အုံ့ဆိုင်းနေသည်။သည်နေ့ဟာသာဗျောတို့ရန်ကုန်သွားရမဲ့နေ့မလား။သူတို့နှစ်ယောက်လည်းအဝတ်စားအိတ်ဆွဲကာအောက်ထပ်သို့ဆင်းလာခဲ့သည်။အောက်တွင်တော့သူကြီးတစ်ယောက်အနွေးထည်ထူထူဝတ်ကာအခါးရည်သောက်နေသည်။
သာဗျောတို့နှစ်ယောက်သည်အိတ်လေးကိုခုံပေါ်သို့​ချကာသူကြီးဘေးနားဝင်ထိုင်လိုက်သည်။

"သူကြီးကျုပ်တို့သွားတော့မယ်.."

သူကြီးလည်းအခါးရည်တစ်ငုံမော့ပြီးပန်းကန်လုံးလေးကိုခုံပေါ်သို့ပြန်ချကာ..

"အေးကွယ်...သားတို့၂ယောက်ဂရုစိုက်သွား..ဟိုရောက်ရင်လည်းဖုန်းဆက်ဖို့မမေ့နဲ့ဦး..."

"ဟုတ်ကဲ့ပါသူကြီးရယ်..သူကြီးလည်းကျန်းမာရေးဂရုစိုက်နော်..."

ဆိုကာသာဗျောတစ်ယောက်စကားဆိုလိုက်သည်။ပြီးနောက်သာဗျောလည်းခုံပေါ်မှထကာအောက်တွင်ထိုင်လိုက်ပြီးလက်အုပ်ချီကာသူကြီးကိုကန်တော့လိုက်သည်။လရောင်လည်းထိုနည်းတူပင်။.။ခရီးသွားရမှာဆိုတော့မိဘကိုကန်တော့တာမထူးဆန်းပါဘူးလေ။အန္တရာယ်လည်းကင်းတာပေါ့။ပြီးနောက်သူတို့နှစ်ယောက်စလုံးသူကြီးကိုနှုတ်ဆက်ပြီးရွာကနွားလှည်းလေးနဲ့ပဲကားလမ်းမကြီးပေါ်သို့သွားလိုက်သည်။ပြီးနောက်လမ်းမကြီး၌ဖြတ်သွားသောTaxiတစ်စီးကိုတားကာလေယာဥ်ကွင်းသို့မောင်းနှင်တော့သည်။
သူတို့နှစ်ယောက်လေယာဥ်ပေါ်တက်ကာသတ်မှတ်ထားသောခုံတွင်နှစ်ယောက်သားဝင်ထိုင်လိုက်ကြသည်။

"အကိုသာဗျော..ဘယ်လိုလဲရန်ကုန်သွားရတော့မှာဆိုတော့ရင်တွေခုန်နေပြီလား.."

သာဗျောလည်းလရောင်မျက်နှာသို့ကြည့်ကာတစ်ချက်ပြုံးလိုက်ပြီး..

"အွန်း..နည်းနည်းပါ..ရန်ကုန်သွားရတာထက်..ဦးကိုတွေ့ရမှာကနည်းနည်းပိုရင်ခုန်နေသလိုပဲ.."

"ဟုတ်ပါပြီ..ဟိုရောက်ရင်ကျွန်တော့်နားမှာပဲနေနော်..ကျွန်တော်မသိပဲဘေးနားကနေမထွက်သွားရဘူးနော်..."

သာဗျောလည်း"ဟုတ်ကဲ့ပါ"ဆိုသောပုံစံဖြင့်ခေါင်းညိတ်ကာလက်ခံလိုက်သည်။သည်လိုနှင့်သူတို့လေယာဥ်လေးဟာရန်ကုန်သို့ထွက်ခွာသွားလေသည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now