အပိုင်း(၇)Uni

5.5K 338 0
                                    

Flash back...

မြတ်မင်းပိုင်၏မိဘနှစ်ပါးကတော့ဦးမြတ်မင်းနှင့်ဒေါ်သူဇာတို့​​​ဖြစ်သည်။ဦးမြတ်မင်းဟာအသက်၂၀တည်းကMyat Company ၏CEOဖြစ်ခဲ့ကာဒေါ်သူဇာနှင့်တွေ့ဆုံပြီးလက်ထပ်ခဲ့သည်။သူတို့သား​ ဖြစ်သူမြတ်မင်းပိုင်ကို10တန်းပြီးတည်းကအလုပ်နှင့်ဆိုင်သောအခြေခံကိုလေ့လာစေခဲ့သည်။ဦးမြတ်မင်းဟာမြတ်မင်းပိုင်ငယ်ရွယ်လွန်းသဖြင့်မလုပ်ဖို့ပြောသော်လည်းဒေါ်သူဇာ၏တိုက်တွန်းမှုကြောင့်ငယ်ငယ်ရွယ်ရွယ်နှင့်Company ကိစ္စတွေ နှင့်ပက်သက်လာခဲ့ရသည်။

မြတ်မင်းပိုင်တစ်ယောက်ဒီကိစ္စတွေကိုလုံးဝစိတ်မပါခဲ့ပါဘူး။ဒေါ်သူဇာ၏မွေးရာပါနှလုံးရောဂါကြောင့်မြတ်မင်းပိုင်တစ်ယောက်အမေ့ဆန္ဒကိုဘယ်လိုမှမလွန်ဆန်နိုင်ခဲ့ရပေ။
တက္ကသိုလ် လည်း
ပြီးရောမြတ်မင်းပိုင်ကိုဒေါ်သူဇာဟာMyat Company ကိုဦးစီးစေခဲ့သည်။သည်လိုနှင့်မြတ်မင်းပိုင်တစ်ယောက်မလုပ်ချင်ဘဲနဲ့CEOလုပ်ခဲ့ရသည်။အလုပ်တွေနှင့်ရောထွေးနေတဲ့မြတ်မင်းပိုင်ဟာရည်းစားဆိုလို့တစ်ယောက်တစ်လေတောင်မရှိခဲ့ပေ။မြတ်မင်းပိုင်အသက်၂၈နှစ်ရောက်သော်ဒေါ်သူဇာဟာသူ့သူငယ်ချင်း၏သမီးဒေလီယာဆိုသည့်သူနှင့်မြတ်မင်းပိုင်ကိုစေ့စပ်ဖို့ကမ်းလှမ်းလာခဲ့သည်။

"အမေ...ကျွန်တော်အမေဖြစ်စေချင်တဲ့အရာအားလုံးကျွန်တော်လုပ်ပေးခဲ့ပြီးပြီအခုလည်းCEOနေရာရောက်လာပြီ...ကျွန်တော်နှလုံးသားရေးရာကိုတော့ဝင်ပြီးမစွတ်ဖက်ပါနဲ့တော့"

ဒေါ်သူဇာတစ်ယောက်သူ့ကိုဘယ်တော့မှပြန်မပြောဖူးသည့်သူ့၏သားကအခုတော့ပြန်ခံပြောလာတော့စိတ်ထဲဘဝင်မကျပေ။

"ဒီမယ်မြတ်မင်းပိုင်ငါကမင်းကိုကောင်းစေချင်လို့စီစဥ်ပေးတာမင်းဘာမှအထွန့်တက်စရာမလိုဘူး.."

"အမေကသားကိုကောင်းစေချင်လို့လုပ်တာမဟုတ်ဘူးချောက်ထဲတွန်းချနေတာ....ကျွန်တော်မချစ်တဲ့သူတစ်ယောက်ကိုဘယ်လိုလုပ်လက်ထပ်နိုင်မှာလဲ"

"ဒေလီယာကလိမ္မာတဲ့ကလေးမလေးပါသူသားနဲ့လက်ထပ်ပြီးရင်သူ့အိမ်ထောင်သူကျေပွန်မှာပါကွယ်"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now