အပိုင်း(၂၄)Uni

3.7K 204 6
                                    

မြတ်မင်းပိုင်တစ်ယောက်လိုက်ကာလေးဆွဲဖွင့်ကာအပြင်ကိုငေးပြီးသာဗျောနှင့်အမှတ်တရများစွာကိုပြန်တွေးနေတော့သည်။

"ငယ်ရယ်...ခဏပဲသည်းခံပေးပါကွာ..ဒီကိစ္စတွေမကြာခင်ပြီးတော့မှာပါ...ကိုငယ့်ဆီရောက်အောင်ပြန်လာခဲ့မယ်...ငယ်နဲ့အနေဝေးနေပေမဲ့ကို့အနားမှာငယ်ရှိသလိုမျိုးခံစားနေရတယ်..ညဘက်တွေဆိုလည်းငယ့်ကိုယ်လေးကိုဖက်ပြီးအရမ်းအိပ်ချင်တယ်ငယ်ရယ်..."

ဆိုကာကောင်းကင်၌ရှိသောနေမင်းကြီးကိုကြည့်ကာတစ်ယောက်တည်းစကားပြောနေတော့သည်။နေမင်းကြီးလည်းမြတ်မင်းပိုင်ရဲ့အပူတွေကိုနားလည်ပေးတယ်နဲ့တူပါတယ်နေမင်းကြီး၏အပူရှိုန်တောင်ပိုတိုးလို့လာပါလား။

သည်လိုနှင့်နန္ဒတို့ကားလေဟာCoffeeဆိုင်သို့ပြန်လည်ရောက်ရှိလာသည်။သာဗျောကိုဆိုင်ရှေ့ချပေးပြီးလရောင်ကိုတာတာ့ပြကာကားလေးပြန်ထွက်သွားခဲ့လေသည်။နန္ဒလည်းCompanyကိစ္စတွေကတစ်ဖက်ဒေလီယာကိစ္စတွေကတစ်ဖက်နှင့်နန္ဒတစ်ယောက်လည်းလရောင်ကိုအချိန်မပေးနိုင်ပေ။

သာဗျောတစ်ယောက်ဆိုင်ထဲဝင်ကာသူထိုင်နေကျထောင့်လေးမှာပဲပြန်ထိုင်နေသည်။လမ်းမကြီးကိုငေးလိုက်Companyကိုငေးလိုက်နှင့်တစ်ယောက်သောသူကိုမျှော်နေ၏။ခဏအကြာဆိုင်ကလူပါးသွားတော့လရောင်တစ်ယောက်သာဗျောနားသို့လာထိုင်လေသည်။

"အကို...ထမင်းစားချိန်တောင်ရောက်နေပြီ...ကျွန်တော်တို့ထမင်းစားကြရအောင်နော်..."

သာဗျောတစ်ယောက်လရောင်ဘက်သို့မျက်နှာလေးလှည့်လာပြီးဟုတ်ကဲ့ဟုခေါင်းလေးညိ​တ်ပြလိုက်သည်။ထမင်းနှင့်ဟင်းကိုတော့ဟိုကောင်လေးနှစ်ယောက်ကသွားဝယ်သည်။သူတို့လည်းလူတွေကျတာနှင့်ထမင်းတောင်မချက်နိုင်ဖြစ်နေကြသည်။အရင်ကဆိုနန္ဒကလရောင်ကိုထမင်းစားဖို့လာခေါ်နေကျဖြစ်သည်။အခုဆိုနန္ဒတစ်ယောက်လည်းသူ့အလုပ်နဲ့သူရှုပ်နေ၏။

မိနစ်ပိုင်းလောက်ကြာသော်ထိုကောင်လေးနှစ်ယောက်လည်း၅ဆင့်ချိုင့်ကြီးနှင့်ထမင်းရောဟင်းရောဝယ်လာကြသည်။လရောင်တို့လည်းသူတို့ပြန်လာတာနှင့်အဆင်သင့်ဖြစ်အောင်ဆိုပြီးထမင်းပန်ကန်တွေကြိုတင်ပြင်ဆင်ထားလေသည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now