Thingyan Extra(1)💦Uni

3.1K 139 5
                                    

Special Guests_ပြည့်ဖြိုး

မနက်ခင်းနေရောင်ခြည်နှင့်အတူငှက်ကလေးများကလည်းတကျီကျီအော်မြည်ရင်းပိတောက်ရနံ့ကလေးများဟာလည်းလေယူရာလွှင့်နေကြသည်။အိမ်ရှေ့မျက်နှာစာတွင်လည်းအတာအိုး၃အိုးထိုးထားကာသင်္ကြန်ပထမနေ့ရက်အားစတင်လိုက်ခြင်းဖြစ်သည်။

သာဗျောတစ်ယောက်ရေဖလားလေးကိုင်ကာကုတင်ပေါ်တွင်အိပ်နေသောမြတ်မင်းပိုင်ရင်ဘတ်ပေါ်သို့အသာလေးလောင်းချလိုက်တော့သည်။ရင်ဘတ်ထဲရောက်လာသောရေရဲ့အေးစိမ့်မှုကြောင့်မြတ်မင်းပိုင်တစ်ယောက်မအိပ်နိုင်တော့ဘဲထ၍ထိုင်လာသည်။

"ငယ်ဘာလို့ရေတွေလောင်းနေတာလဲကွာ"

စကားကလည်းပြောလက်ကလည်းသာဗျောရဲ့ခါးလေးသို့ဖက်ထားသည်။

"ဟာဦးကလည်းဒီနေ့​င်္ကြန်အကြိုနေ့လေ...သူများတွေအကုန်နိုးနေပြီ....ဦးပဲအိပ်ပုပ်ကြီးနေတာ....အခုထ"

"ဟုတ်ပါပြီထပါ့မယ်ဗျာ...ရွှတ်"

သာဗျောရဲ့ပါးလေးသို့တစ်ချက်နမ်းလိုက်ပြီးပြုံးပြသည်။

"ဒါဆိုငယ်အောက်ကစောင့်နေမယ်မြန်မြန်ဆင်းလာခဲ့နော်.."

မြတ်မင်းပိုင်လည်းခေါင်းညိတ်ပြီးပြုံးလိုက်သောကြောင့်သာဗျောလည်းရေဖလားကိုကိုင်ကာအောက်ထပ်သို့ဆင်းသွားတော့သည်။

အခုကျွန်တော်တို့ကငယ့်ရဲ့ရွာကိုပြန်ရောက်နေတာလေ..။ငယ်ကသင်္ကြန်ကိုရွာမှာပဲလုပ်ချင်တယ်ဆိုလို့လိုက်ပို့ပေးရတာ။ငယ့်ကိုကျွန်တော်ကအရမ်းချစ်တာနော်အဲ့တာကြောင့်ငယ်ဘာပြောပြောမညီးမငြူပဲလုပ်ပေးနေတာ။ငယ့်ကိုထိတဲ့သူမှန်သမျှ...မဟုတ်ဘူး။မျက်လုံးနဲ့ကြည့်တဲ့သူရောရင်ထဲကနေပစ်မှားနေတဲ့သူတွေကိုပါအရှင်မထားဘူး။ငရဲပို့ပစ်မှာ...ဟုတ်တယ်ကျွန်တော်ကအဲ့လောက်ထိငယ့်ကိုချစ်တာ...ငယ်ကပြောပါတယ်...ကလေးလိုချင်တယ်တဲ့။အငှားယူမလားဆိုတော့လဲငယ်က...သူများနဲ့မို့လို့မလိုချင်ဘူးတဲ့။မွေးစားမလားဆိုတော့လည်းသူများကလေးကြီးတဲ့....ငယ်ကသူကိုယ်တိုင်ကိုယ်ဝန်ဆောင်မယ်တဲ့ဗျာ။ခင်ဗျားတို့ပဲစဥ်းစားကြည့်ငယ်ကိုယ်ဝန်ဆောင်လို့တစ်ခုခုဖြစ်သွားခဲ့ရင်ခင်ဗျားတို့တာဝန်ယူမလားပြော...ဒါပဲခင်ဗျားတို့လည်းတာဝန်မယူနိုင်ဘူး။ထားပါဗျာ...ခင်ဗျားတို့ဒါတွေနားမလည်ပါဘူးငယ်စောင့်နေပြီမို့လို့သွားလိုက်ပါအုံးမယ်ဗျာ....။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now