အပိုင်း(၅)Uni

7K 452 3
                                    

မွန်းတည့်ချိန်နေ့လည်စာစားပြီးချိန်လောက်ပေါ့သူကြီးကတော့ရွာမြောက်ပိုင်းဦးဖိုးတုတ်ဆီခဏသွားလေရဲ့။ဦးဖိုးတုတ်ကသူကြီးနဲ့ငယ်ပေါင်းကြီးဖော်ဆိုလဲမမှားဘူး။အဲ့တာကြောင့်ဦးဖိုးတုတ်ရဲ့အလုပ်တွေအားလုံးကိုကျုပ်မ​ညည်းမညူပဲလုပ်ပေးတာဗျ။တခြားသူတွေကိုလည်းကူညီပါတယ်ဦးဖိုးတုတ်ကိုတော့ပိုကူညီပေးတာပေါ့ဗျာ။သူကြီးကဦးဖိုးတုတ်အိမ်မသွားခင်မှာလိုက်သေးးတယ်ဟိုလူကြီးကိုရွာကိုလိုက်ပြလိုက်ဦးတဲ့။တကယ့်ကိုအရှုပ်ထုတ်ပဲဗျ။သူ့ကိုလှမ်းကြည့်လိုက်တော့ခြံထဲမှာဖုန်းပြောနေတယ်တခုခုစိုးရိမ်နေတဲ့ပုံပဲ။သွားမေးလို့လည်းမကောင်းဘူးလေသိတာမှ၁ရက်၂ရက်ပဲရှိသေးဟုတ်တယ်မလား။ဖုန်းပြောပြီးပြီနဲ့တူတယ်အိမ်ထဲဝင်လာပြီဗျ။

"အဟန့်"

သာဗျောတစ်ယောက်ချောင်းတစ်ချက်ဟန့်ပြီး..စကားဆိုလိုက်သည်။

"ဒီနေ့နေ့ခင်းရွာထဲလိုက်ပြမယ်..အခုနေပူနေလို့မသွားသေးဘူး..ကြားလား"

"ဟုတ်"

နေ့ခင်း၃နာရီထိုးသော်....

မြတ်မင်းပိုင်ခင်ဗျာဖင်တကြွကြွနှင့်၂ယောက်တည်းသွားရမှာဆိုတော့ရင်တွေခုန်​လို့နေပြီ။ဆိုင်ကယ်သော့ကိုအမြန်သွားယူပြီးဆိုင်ကယ်စက်နှိုးလိုက်သည်။သာဗျောလည်းဆိုင်ကယ်အသံကြားတော့မှခြံထဲသို့ပြေးကြည့်တော့သည်။.

*ဟောသူကကြိုပြီးတောင်ဆိုင်ကယ်ပေါ်ရောက်နေပြီ။သူကဆိုင်ကယ်ရောမောင်းတတ်ရဲ့လား*

ဟုစဥ်းစားရင်းမြတ်မင်းပိုင်အနားသို့ရောက်လာသည်။

"ခင်ဗျားကြီးဆိုင်ကယ်ရောမောင်းတတ်လို့လားး"

"ဟ..ငယ်ကကိုယ့်ကိုယ်အထင်သေးတာပဲ...လာအနောက်မှာလာထိုင်"

သာဗျောလည်းအနောက်သို့ခွထိုင်ပြီးချိန်တွင်မြတ်မင်းပိုင်စကားဆိုလိုက်သည်။

"ပြုတ်ကျမှာကြောက်ရင်ကိုယ့်ခါးကိုကိုင်ထားလို့ရတယ်"

သာဗျောလည်းရှက်ရှက်နှင့်မြတ်မင်းပိုင်ခါးသို့လိမ်ဆွဲလိုက်တော့သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now