အပိုင်း(၁၂)Uni

5K 282 3
                                    

ထိုဆိုင်တွင်းမှwaiterလေးတစ်ယောက်ထွက်လာပြီး...

"အကိုတို့ဘာမှာကြမလဲဗျ "

နန္ဒဝင်ပြောလိုက်သည်။

"ရှမ်းခေါက်ဆွဲ၂ပွဲရှမ်းရည်ဖျော်၂ပွဲသံပုရာဖျော်ရည်၄ခွက်ပေးပါ"

"ဟုတ်ကဲ့ရစေရပါမယ်ဗျ"

သံပုရာဖျော်ရည်မှာရခြင်းမှာရှမ်းခေါက်ဆွဲစားပြီးအအီပြေစေရန်ဖြစ်သည်။ပြီးရင်လှေက၁နာရီခွဲလောက်စီးရမှာဆိုတော့ခေါင်းကြည်အောင်သောက်ခြင်းဖြစ်သည်။.ထိုအချိန်တွင်စားပွဲပေါ်၌လာချသောစားစရာများအငွေ့တစ်ထောင်းထောင်းနှင့်နူးအိနေသောကြက်သားဖတ်လေးတွေ၊စိမ်းနေသောကန်စွန်းရွက်ပြုတ်လေးကလည်းရှမ်းခေါက်ဆွဲပေါ်တွင်တင်ထားသေးသည်။လေတစ်ချက်တိုးလိုက်တိုင်းထိုအနံ့သည်နှာဖျားလေးမှာဆွဲလို့၊ရှမ်းချဥ်လေးကလည်းရှမ်းခေါက်ဆွဲစားရာတွင်မအီအောင်တွဲဆက်ထားမှုမှာတကယ်ပင်စားချင်စဖွယ်။ထိုရှမ်းခေါက်ဆွဲကိုတော့မြတ်မင်းပိုင်နှင့်နန္ဒစားခြင်းဖြစ်သည်။

ရှမ်းရည်ဖျော်လေးကလည်းမုန်ညှင်းစိမ်းစိမ်းလေးကိုမှနေရာအနှံ့ဖြူးထားသေးသည်။ရှမ်းခေါက်ဆွဲအဖတ်ဟာလည်းပါစပ်ထဲတွင်အရည်ပျော်သွားမတတ်၊အချဥ်လေးကမအီအောင်ညှစ်ထားသေးသည်။.ရှမ်းရည်ဖျော်ရဲ့အရည်လေးကလည်းသောက်ပြီးရင်ထပ်သောက်ချင်စရာကောင်းလှသည်။ငရုတ်သီးကိုလည်းစပ်စပ်လေးထည့်ထားသေးသည်။.ထိုအစားအစာကိုတော့ချဥ်ငံစပ်ကြိုက်တဲ့သာဗျောနှင့်လရောင်စားလေသည်။ထိုပန်းကန်သို့ကြည့်ပြီးမြတ်မင်းပိုင်ရှမ်းခေါက်ဆွဲနယ်ရင်းစကားဆိုလာသည်။

"ငယ်..အစပ်တွေအရမ်းမစားနဲ့လေ...အစာအိမ်ဖြစ်နေပါဦးမယ်...ကိုစိတ်ပူလိုက်တာကွာ"

မြတ်မင်းပိုင်ပြောမှနန္ဒလည်းသူ့Babyပန်းကန်သို့စိုက်ကြည့်သည်။

"ဟာ...baby..ငရုပ်သီးတွေအများကြီး*င်ပူကုန်တော့မှာပဲကွာ..."

ဘေးနားကမြတ်မင်းပိုင်နှင့်သာဗျောခင်ဗျာမျက်လုံးကြီးအပြူးသားနှင့်ကြောင်တောင်"ဖြစ်နေတော့သည်။လရောင်လည်းဘာတွေပြောနေတာလဲဆိုပြီးရှက်ရှက်နှင့်နန္ဒကိုအရှေ့တိုးဆိုကာလက်ဆစ်​ဖြင့်ခေါက်လိုက်သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now