အပိုင်း(၁၈)Uni

3.4K 222 4
                                    

နေပူပြင်းသောမွန်းတည့်အချိန်တွင်ထမင်းစားပွဲ၌အားလုံးစုထိုင်ကာထမင်းစားဖို့ပြင်နေတော့သည်။အားလုံးကသာဗျောအစားစိတ်မကောင်းဖြစ်နေကြသည်။
ဒါမယ့်တစ်ဦးတစ်ယောက်ကတော့ပျော်နေလျက်...သူ့
ကိုကိုကသဘက်ခါကျရင်သူမနဲ့ပြန်လိုက်တော့မှာလေအဲ့ခါကျရင်သူမကိုကို ကိုဒီရွာသို့ပြန်မလွှတ်ဘူးဆိုပြီးတွေးနေတော့သည်။

ထိုအချိန်အိမ်ရှေ့မှမိအေးတို့အုပ်စုဟင်းလာပို့ကြသည်။

"သြော်.....ဧည့်သည်ရောက်နေတာပဲ"

လို့မိအေးစကားဆိုလိုက်သည်။.ထိုအခါဒေလီယာတစ်ယောက်ဝင်ပြောတော့သည်။

"ဧည့်သည်မဟုတ်ပါဘူးကိုမြတ်မင်းပိုင်နဲ့စေ့စပ်မဲ့သူ..."

မိအေးတို့လည်းကြောင်သွားကြသည်။သူတို့သာမြတ်မင်းပိုင်ကိုကြောင်တာကကြောင်တာပဲဒါမဲ့သာဗျောနဲ့တော့သဘောတူကြသည်။သည်လိုအစစ်မမျိုးနဲ့တော့သဘောမတူကြ။အစစ်မအချင်းချင်းသူ့ရုပ်ကိုကြည့်လိုက်တာနှင့်သူ့စရိုက်ကဘယ်လိုဆိုတာမိအေးတို့ခန့်မှန်းမိသည်။

မိအေးတို့လည်းဟင်းချကာထွက်သွားတော့သည်။ထိုအချိန်ဒေလီယာတစ်ယောက်ဟင်းပန်းကန်ထဲမှဟင်းကိုယူကာမြတ်မင်းပိုင်ပန်းကန်ထဲသို့ထည့်ပေးလိုက်တော့သည်။ သူကြီးကိုတောင်ဦးမချပေ..။.တော်တော်မယဥ်ကျေးရာရောက်သည်။သာဗျောလည်းဟင်းပန်းကန်ထဲကဟင်းကိုယူပြီးသူကြီးကိုဦးချပေးတော့သည်။မြတ်မင်းပိုင်လည်းဒေလီယာထည့်ပေးသောဟင်းကိုဖယ်ကာသာဗျောသို့စကားဆိုလိုက်သည်။

"ငယ်..ကို့ကိုဟင်းထည့်​ပေးဦးလေ"

သာဗျောလည်းခေါင်းလေးညိတ်ကာဟင်းထည့်ပေးတော့သည်။.ဒါကိုဒေလီယာလုံးဝမကျေနပ်.။အားလုံးထမင်းစားပြီး၍နန္ဒနှင့်လရောင်ကတော့ရွာထဲခဏပတ်ကြည့်မယ်ပြောကာဆိုင်ကယ်လေးနှင့်ထွက်သွားလေသည်။သူကြီးကတော့ခုံမှာထိုင်ရင်းရေနွေးကြမ်းသောက်လေသည်​။

ထိုနေရာတွင်ဒေလီယာလည်းထိုင်နေကာဖုန်းထိုင်ကြည့်နေသည်။မြတ်မင်းပိုင်နှင့်သာဗျောလည်းခြံထဲကကွတ်ပြစ်မှာထိုင်နေတော့သည်။
ထိုအချိန်သူကြီးတစ်ယောက်သာဗျောသို့အိမ်ထဲမှစကားလှမ်းပြောတော့၏။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now