ရှမ်းပြည်နယ်၊ပင်းတယမြို့ရှိရေချမ်းစင်ရွာလေးသည်သာယာလှပြီးတောင်တန်းကြီးတွေဝန်းရံထားကာလက်ဖက်စိုက်ခင်းတွေဟာလည်းတောင်လှေကားထစ်ပုံစံစိုက်ပျိုးထားခြင်းဖြစ်သည်။ဆောင်းရာသီဆိုသောကြောင့်ချမ်းအေးမှုကအသည်းခိုက်နေအောင်ပင်။ရန်ကုန်မှာချမ်းတယ်ဆိုတာကရှမ်းသူရှမ်းသားတွေအိပ်နေသလောက်ပဲရှိသည်။ရေတွေဟာလည်းအေးစက်နေပြီးရေနွေးဖြင့်ဆက်ချိုးရသည်။
၇နာရီဝန်းကျင်အချိန်ရှိပြီဖြစ်၍။ငှက်ကလေးများ၏တေးသွားချိုသီကြူးနေသောအသံကလေးများကြောင့်အိပ်ယာထဲကသာဗျောတစ်ယောက်နိုးလာခဲ့သည်။
အလွန်ပင်ချမ်းအေးနေသော်လည်းသာဗျောကိုဖက်ထားသောရင်ခွင်တစ်စုံကြောင့်နွေးထွေးလို့နေ၏။
သာဗျောသည်မျက်လုံးဖွင့်ခိုက်တွေ့ရသောမျက်နှာကြောင့်ရင်တွေခုန်ကာတချိန်လုံးငေးကြည့်ချင်မိသည်။မျက်လွှာချကာပိတ်ထားသောမျက်လုံးတစ်စုံ၊နဖူးပေါ်သို့ဝဲကျနေသောဆံပင်များ၊စင်းနေသောနှာတံ၊အနည်းငယ်ဟနေသောမထူမပါးနှုတ်ခမ်းတစ်စုံ၊
ထိုလူရဲ့လက်သည်လည်းသာဗျောခါးသို့ဖက်ထားသေး၏။သာဗျောတစ်ယောက်အချိန်အတော်ကြာစောင့်ကြည့်နေမိသည်။ထို့အချိန်သာဗျော၏စိတ်ထဲတွင်..
*ငါနမ်းချင်လိုက်တာနမ်းလို့ရောဖြစ်ပါ့မလားနိုးသွားရင်ဖြင့်ခက်ရချည်ရဲ့ဗျာ...ပြီးတော့တစ်ခြားသူဘက်ကချစ်တယ်လို့မပြောသေးဘူး..ဟာ...အိပ်နေတာပဲမသိလောက်ပါဘူး...*
သာဗျောတစ်ယောက်တံတောင်ဆစ်ဖြင့်ကုတင်ကိုထောက်ပြီးဘေးစောင်းအနေအထားနှင့်လက်တစ်ဖက်ကမြတ်မင်းပိုင်ဆံပင်ကိုလှန်တင်ကာနဖူးသို့အနမ်းတပွင့်ခြွေလိုက်သည်။
*ဟာ..ငါဘာတွေလုပ်နေမိတာလဲ*
ခေါင်းကုတ်ကာကုတင်ပေါ်ကဆင်းမယ်အကြံ..
"အ့"
မြတ်မင်းပိုင်တစ်ယောက်သာဗျောလက်ကိုဖမ်းလိုက်ပြီးကုတင်ပေါ်သို့ပြန်ဆွဲချသည်။
"ဒါဘာလုပ်တာလဲကျုပ်ကိုလွှတ်ဗျ"
"လုပ်သွားတာကငယ်လေ....ကဲပြောပါဦးခုနကဘာလုပ်သွားတာတုန်း"
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...