အပိုင်း(၂၁)Uni

3.4K 206 8
                                    

သည်နေ့ဟာမြတ်မင်းပိုင်စေ့စပ်ရမဲ့နေ့ဖြစ်သည်။ထိုစံအိမ်ကြီးဟာလည်းခမ်းနားစွာပြင်ဆင်ထားသေးသည်။ရပ်ကွက်လူကြီးတွေရောCompanyကပါတနာတွေရောဧည့်ခန်းထဲမှာထိုင်ကာစကားနှောင်ဖွဲ့နေကြသည်။နှစ်ဖက်မိဘတွေကလည်းအဆင်သင့်ဖြစ်လို့နေကာရှေ့နေဟာလည်းစေ့စပ်စာချုပ်ကိုအိတ်ထဲမှထုတ်၍အဆင်သင့်ဖြစ်နေပြီ။ဒေလီယာလည်းပြင်ဆင်ပြီးအောက်သို့ဆင်းလာသည်။မဆင်းလာသေးသူကတော့မြတ်မင်းပိုင်ပင်ဖြစ်၏။ခြံထဲသို့နန္ဒမောင်းလာသောကားလေးလည်းဆင်ဝင်အောက်၌ရပ်ပြီးအိမ်ထဲသို့ဝင်လာခဲ့သည်။

ဧည့်ခန်းတွင်လူစုံတက်စုံထိုင်နေကြကာထိုအထဲမှဒေါ်သူဇာသည်နန္ဒသို့စကားလှမ်းပြောသည်။

"နန္ဒမင်းbossကိုသွားခေါ်...ဒီမှာအဆင်သင့်ဖြစ်နေပြီလို့ပြောလိုက်ဦး"

"ဟုတ်ကဲ့အန်တီ"

ဆိုကာလှေကားလေးအတိုင်းအိမ်ပေါ်သို့တက်သွားခဲ့သည်။

ဒေါက်ဒေါက်ဒေါက်!

"ကျွန်တော်ပါBoss"

ဆိုကာတံခါးဖွင့်ပြီးဝင်လိုက်သည်။မှန်ရှေ့၌ငူ"ငိုင်"ထိုင်နေသောမြတ်မင်းပိုင်သည်အပေါ်ကအင်္ကျီအဖြူလေးနှင့်အောက်ကနီညိုရောင်ပုဆိုးလေးကိုဝတ်ထားသည်။နန္ဒလည်းမြတ်မင်းပိုင်
နားသို့လျှောက်သွားကာ..

"Bossအားလုံးအဆင်သင့်ဖြစ်နေကြပြီ....အန်တီကဆင်းလာတော့တဲ့"

မြတ်မင်းပိုင်တစ်ယောက်ခေါင်းကြီးငုံ့ရင်း...

"ငါမှားသွားပြီလား...ငါဘာတွေလုပ်နေမိတာလဲ."

နန္ဒလည်းမြတ်မင်းပိုင်ပုခုံးသို့လှမ်းကိုင်လိုက်ပြီးနှစ်သိမ့်လိုက်သည်။

"Bossရယ်..ကိုယ့်ကိုယ်ကိုယ်အပြစ်မတင်ပါနဲ့ကံတရားကဒီလိုပဲစီမံတော့ဘယ်ရှောင်လွှဲရပါ့မလဲ....ပြီးတော့အန်တီ့ရောဂါကလည်းရှိသေးတယ်လေ"

မြတ်မင်းပိုင်လည်းထိုင်နေရာကထလာပြီးနန္ဒမျက်လုံး သို့ကြည့်ကာ..

"အေးပေါ့..အမေရောဂါရှိနေလို့ပေါ့မဟုတ်ရင်ငါငယ့်ကိုခေါ်ပြီးထွက်ပြေးလိုက်ပြီ"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now