အပိုင်း(၆)Uni

6.3K 416 18
                                    

ညအချိန်ပတ်ဝန်းကျင်သည်အားလုံးတိတ်ဆိတ်နေပြီးပုစဥ်းရင်ကွဲအသံဟာလည်းအော်မြည်နေတော့သည်။အချိန်အားဖြင့်၇နာရီဝန်းကျင်လောက်ရှိသည်။သူကြီးတစ်ယောက်ထမင်းစားဖို့အခန်းထဲရှိမြတ်မင်းပိုင်နှင့်သာဗျောအားသွားခေါ်တော့သည်။အိမ်မှာသားအဖနှစ်ယောက်ပဲရှိတာကြောင့်ထမင်းချက်အကူတစ်ယောက်ထားလေသည်။မြတ်မင်းပိုင်ရောက်လာသည်ကိုသိသောရွာထဲရှိမိအေးတို့အုပ်စုသည်လည်းဟင်း​တွေလာပေးထားတာများအလှူ​​ပြန်လုပ်လို့ရလောက်သည်။

မြတ်မင်းပိုင်ရောက်လာတာနှင့်ရွာထဲရှိအပျိုလေးတွေသည်လည်းသူကြီးအိမ်ကိုအလည်လာလိုက်၊သူကြီးကျန်းမာရဲ့လားဟန်ဆောင်ပြီးလာမေးလိုက်နှင့်ဦးမြတ်မင်းပိုင်ကိုတွေချင်လို့ပါဆိုတာနှင့်အမျိူးမျိုးလာမေးကြတော့သည်။
ဒါကိုလည်းအိမ်ကသာဗျောကတစ်စက်ကလေးမှမကြိုက်ပေ။.ရွာထဲမိအေးတို့လာပြီဆိုရင်လည်းမိန်းကလေးပဲ ကိုယ့်ဣန္ဒြေနဲ့ကိုယ်မနေဘူး...တကယ်အမြင်ကပ်တယ်ဆိုပြီးစိတ်ထဲတတွတ်တွတ်ပြောနေတော့သည်။အခုလည်းမိအေးတို့ဟင်းတွေလာပေးသွားပြန်ပြီ။.သူကြီးကမပေးနဲ့ဆိုလည်းမရ။သည်လိုနှင့်သူကြီးတစ်ယောက်အခန်းထဲရှိလူ၂ယောက်ကိုသွားခေါ်တော့သည်။

သူကြီးအခန်းတံခါးခေါက်ဖို့အရွယ်အခန်းထဲမှကြားလိုက်သောအသံကြောင့်သူကြီးခင်ဗျာကြက်သေ သေသလိုတောင့်တောင့်ကြီးရပ်နေမိတော့သည်။

"ဟေ့လူ....ဖြည်းဖြည်းလုပ်လေ....အင့်..စပ်တယ်ဗျ..."

"ငယ်ကလည်း...ခဏလေးသည်းခံ...ငယ်စပ်ရင်ကိုယ်မှုတ်ပေးမယ်လေ"

သူကြီးခင်ဗျာ
သော့မခတ်ထားတဲ့အခန်းကိုပဲဆွဲဖွင့်ရတော့မလိုသည်အနားကထွက်သွားရတော့မလိုလိုဖြစ်နေသည်။
ထိုအချိန်"အားးးးး"ဆိုသည့်အသံကြောင့်သူကြီးလည်းအခန်းတံခါးကိုဖွင့်ကြည့်လိုက်တော့သည်။တွေ့လိုက်ရသည့်ပုံအားသူကြီးထင်ထားသလိုမဟုတ်တာကြောင့်ရင်အေးရတော့၏။

သာဗျောသည်ကုတင်ပေါ်မှာထိုင်နေပြီးခြေထောက်ကိုအောက်သို့ချထားသည်။မြတ်မင်းပိုင်ကတော့သာဗျောအနာရှိသောခြေထောက်အားသူ၏ပေါင်ပေါ်တင်ကာဆေးလိမ်းပြီးမှုတ်ပေးနေသည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now