အပိုင်း(၁၉)Uni

3.5K 218 2
                                    

ည၇နာရီမထိုးခင်သူကြီးတို့ဘက်တွင်မြတ်မင်းပိုင်တစ်ယောက်အပေါ်ထပ်မှဆင်းလာ၏။ဒေလီယာကတော့အနာရှိန်ကြောင့်ဆေးသောက်ပြီးအိပ်နေလေရဲ့။နန္ဒနှင့်လရောင်ကတော့သူကြီးဘေးတွင်ထိုင်ပြီးစကားပြောနေကြသည်။

"ဦးလေး..ငယ်..ပြန်မလာသေးဘူးလား.."

"အေးကွယ်...ဒီနေ့မှဘာလို့နောက်ကျလဲမသိပါဘူး"

"ဒါဆိုကျွန်တော်လိုက်သွားလိုက်ဦးမယ်"

"အေးအေး..ဓာတ်မီးယူသွားဦး..ဂရုစိုက်သွားပါကွယ်.."

နန္ဒလည်းမြတ်မင်းပိုင်သို့လှမ်းကြည့်ရင်းစကားဆိုလိုက်သည်။

"ကျွန်တော်ရော..လိုက်ခဲ့ပေးရမလားBoss.."

"နေနေ..ရတယ်...ဦးလေးနဲ့ပဲအိမ်မှာနေခဲ့လိုက်"

ဆိုကာဓာတ်မီးကိုဖွင့်ပြီးရွာမြောက်ပိုင်းသို့ထွက်လာခဲ့သည်။လမ်းလျှောက်လာလိုက်တာသင်္ချ်ိုင်းနားသို့ရောက်လာပြီ။မြတ်မင်းပိုင်တစ်ယောက်ထိုနေရာတွင်ခဏရပ်ကာဟိုကြည့်သည်ကြည့်ရင်းလူသုံး​ယောက်ကတစ်ယောက်ယောက်ကိုဆွဲလားရမ်းလားလုပ်နေတာကိုမြတ်မင်းပိုင်တွေ့သွား၏။သူလည်း​ဖြေးဖြေးချင်းလမ်းလျှောက်သွားသည်။ထိုလူတွေကလည်းရုန်းရင်းဆန်ခတ်ဖြစ်နေတာကြောင့်မြတ်မင်းပိုင်လာတာကိုမသိကြချေ။မြတ်မင်းပိုင်လည်းအမှောင်ထဲမှာဆိုတော့ထိုလူတွေရဲ့မျက်နှာကိုသဲသဲကွဲကွဲမမြင်ရ။
.လူနှစ်ယောက်ကထိုကောင်လေးကိုတစ်ယောက်တစ်ဖက်စီဖမ်းချုပ်လိုက်သောကြောင့်ကောင်လေးမျက်နှာကိုမြတ်မင်းပိုင်တွေ့သွားလေသည်။မျက်နှာတစ်ခုလုံးထင်ထင်ရှားရှာမတွေ့ရပေမဲ့လည်းထိုကောင်လေးဟာသူ့ရဲ့ငယ်ဆိုတာကျိန်းသေအောင်သိသည်။မြတ်မင်းပိုင်လည်းလက်ထဲကဓာတ်မီးကိုလွှတ်ချကာထိုလူဆီသို့ပြေးသွားပြီးအင်္ကျီစကိုဆွဲကာနှစ်ချက်လောက်ပစ်ထိုးလိုက်သည်။

မြတ်မင်းပိုင်ရဲ့လက်စကပြင်းလွန်းသဖြင့်၂ချက်ပဲထိုးတာတောင်ဟိုကောင်$ခွက်တော်တော်စုတ်နေပြီ။သာဗျောလည်းမြတ်မင်းပိုင်ကိုတွေ့တွေ့ချင်း"ဟင်...ဦး"လို့တိုးတိုးလေးရွတ်မိကာချုပ်ခံထားရမှလွတ်အောင်ရုန်းတော့သည်။ထိုနှစ်ယောက်ကလည်း..

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now