အပိုင်း(၄)Uni

8.1K 529 16
                                    

ကျွဲကျောင်းပြီးအပြန်နေဝင်ရီတရောအချိန်လောက်မြတ်မင်းပိုင်နှင့်သာဗျောအိမ်သို့ပြန်လာခဲ့သည်။
သာဗျောဟာရှေ့ဆက်သွားဖို့တွန့်ဆုတ်နေသောကြောင့်.....

"ငယ်ဘာဖြစ်နေတာလဲ"

မြတ်မင်းပိုင်စကားကြောင့်သာဗျောတစ်ယောက်မျက်ခုံးပင့်ပြီးကြည့်ကာစကားဆိုလိုက်သည်။

"အရှေ့မှာတွေ့လား...သင်္ချိုင်းဂုံးကြီး..."

"သြော်...ဒါများ..ဘာမှမပူနဲ့ကိုယ်တစ်ယောက်လုံးရှိတယ်ငယ်ဘာမှမဖြစ်စေရဘူးလာ"

ပြောပြီးသာဗျောလက်သို့လှမ်းကိုင်လိုက်သည်။သာဗျောတစ်ယောက်လည်းကြောက်ကြောက်နှင့်မရုန်းမိ။နှစ်ယောက်သားလက်တွဲပြီးသွားနေချိန် လေတွေဟာကြမ်းကြမ်းကြီးတိုက်လာတော့သည်။သစ်ပင်တစ်ခုနဲ့တစ်ခုဟာလည်းပွတ်တိုက်မိပြီး ရှဲ..ရှဲ....ရှဲ...နှင့်ထွက်ပေါ်လာတော့သည်။ခွေးတွေကလည်းအူလိုက်တာမှကြားလို့မကောင်း။ထိုအချိန်လူတစ်ယောက်လမ်းလျှောက်ပြီးသူတို့နောက်ကလိုက်လာသလိုကြီးခံစားရ၏။သာဗျောတစ်ယောက်ကြက်သီးများဖြန်းခနဲထလို့သွားသည်။မြတ်မင်းပိုင်လည်းသာဗျောမကြောက်အောင်နှစ်သိမ့်ပေးရင်းသာဗျောပုခုံးလေးသို့ဖက်ထားလိုက်သည်။ထိုအချိန်မြတ်မင်းပိုင်ပုခုံးသို့အနောက်မှလူတစ်ယောက်လက်ဖြင့်လာပုတ်သည်။ဒါတောင်မြတ်မင်းပိုင်လုံးဝလှည့်မကြည့်ပေ။

"ကျစ်...ဘာဖြစ်နေတာလဲ"

ထိုသူဟာလည်းထက်ပြီးပုတ်ပြန်တော့သည်။သာဗျောတစ်ယာက်ကတော့ကြောက်စိတ်နှင့်ဘာဆိုဘာမှမသိပေ။

"မင်းကိုငါမပုတ်နဲ့လို့..."

စကားပင်မဆုံးသေးမြတ်မင်းပိုင်လှည့်ကြည့်လိုက်သည့်အချိန်ခေါင်းလည်းမပါဘဲ လည်ပင်းတစ်ဝိုက်ကလည်းသွေးတွေပေပွလို့နေသည်။အဝတ်အစားတွေဆိုလည်းစုတ်ပြတ်သက်လို့နေ၏။မြတ်မင်းပိုင်တစ်ယောက်"အားးးး"လို့တစ်ခွန်းထဲသာအော်ပြီး သာဗျောရဲ့လက်ကိုလွှတ်ချကာတန်းပြေးလေတော့သည်။

သာဗျောတစ်ယောက်လည်းမြတ်မင်းပိုင်အော်သွားတာကိုကြည့်ပြီးသူပါအော်တော့သည်။အနောက်သို့လှည့်မကြည့်.. လှည့်ကြည့်လျှင်သူဘာတွေ့မလဲဆိုတာကြိုသိနေသောကြောင့်ဖြစ်သည်။ကြောက်စိတ်နှင့်ကွေးကွေးလေးထိုနေရာတွင်သာထိုင်ပြီးငိုချနေတော့သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now