အပိုင်း(၂၆)Uni

4K 206 2
                                    

"ဟာ..ဒီလူကြီးအရှက်မရှိဘူးလားမသိပါဘူး.."

တစ်ကိုယ်ကြားပြောကာစုတ်တစ်ချက်သက်ပြီးဝရံတာသို့ထွက်လာခဲ့သည်။မြတ်မင်းပိုင် တစ်ယောက်နေပူပူမှာဂစ်တာကြီးကိုင်ကာသီချင်းကိုလည်းအဆက်မပြတ်ဆိုနေသေးသည်။

"ဟိတ်လူ...ခင်ဗျားကြီးအရှက်မရှိဘူးလား"

မြတ်မင်းပိုင် တစ်ယောက်လည်းသာဗျောအသံကိုကြားပြီးပြီးချင်းသီချင်းရပ်ကာအပေါ်သို့မော့ကြည့်တော့သည်။

"ငယ်နဲ့တောင်တစ်ညအချစ်ခရီးစမ်းပြီးပြီပဲ...အရှက်မရှိလည်းကိုကနေတတ်တယ်..ငယ်မရှိရင်တော့ကိုကမနေတတ်ဘူး"

"ဟာဗျာ...လာလာအထဲဝင်...ကျုပ်ခင်ဗျားနဲ့ရှင်းစရာရှိတယ်.."

မြတ်မင်းပိုင် တစ်ယောက်လည်းမတ်တတ်ထကာဒူးခေါင်းမှဖုန်ကိုခါလိုက်သည်။ပြီးနောက်ပန်းစည်းကြီးကိုမကာအိမ်ထဲသို့ဝင်လာသည်။

"ဘယ်လိုလဲ..Bossရဲ့ကျွန်တော့်အကြံအလုပ်ဖြစ်တယ်မလား"

"ရော့ပန်းစည်းခဏကြည့်ထား..ငါငယ့်အခန်းထဲသွားဦးမယ်..."

ဆိုကာလှေကားကနေအပေါ်သို့တက်သွားသည်။သူကြီးလည်း သူတို့တွေရန်ဖြစ်မှာစိုးသောကြောင့်လိုက်သွားဖို့ဟန်ပြင်လိုက်ချိန်..

"ဟာဦးလေးဘယ်သွားမလို့လဲဗျ.."

လရောင်လှမ်းတားလိုက်သည်။

"သားအခန်းကိုသွားမလို့လေ...သူတို့တွေရန်ဖြစ်ရင်းလက်လွန်ကုန်မှစိုးလို့ပါကွယ်.."

လရောင်နှင့်နန္ဒလည်းတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာမဖြစ်ဖူးဆိုပြီးတားတော့သည်။

"ဟာ..ဦးလေးကလည်း..မသွားပါနဲ့..သူတို့ကအချစ်စမ်းနေကြတာ...စိတ်ချ...ဦးလေးထင်သလိုမဖြစ်ပါဘူး"

ဆိုကာနန္ဒတစ်ယောက်သူကြီးလက်ကိုဆွဲကာထိုနေရာမှာပြန်ထိုင်စေသည်။

အပေါ်ထပ်တွင်တော့သာဗျောတစ်ယောက်တံခါးကိုဂျက်ဖွင့်လိုက်သည်။မြတ်မင်းပိုင်လည်းတံခါးကိုအလျင်အမြန်ဆွဲဖွင့်လိုက်၏။မြတ်မင်းပိုင်မျက်နှာကိုတွေ့သောအခါသာဗျောလည်းအနောက်သို့လှည့်ပြီးထွက်သွားမယ်အခိုက်။သာဗျောလက်သို့ဆွဲကာလှည့်ပြီးမြတ်မင်းပိုင်၏ရင်ခွင်ထဲ၌အမိအရဖက်ထားလိုက်သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now