Thingyan Final Extra 💦Uni

3.4K 151 16
                                    

မနက်အာရုဏ်တက်ချိန်ရွာဦးကျောင်းမှအုန်းမောင်းခေါက်သံဟာတစ်ရွာလုံးသို့ကျယ်ပြန့်သွားသည်။ဆွမ်းစားဆောင်တွင်အာရုဏ်ဆွမ်းပြင်ဆင်နေကြသောမြတ်မင်းပိုင်တ်ို့မိသားစုနှင့်ကပ္ပိယနှစ်ယောက်တို့ရှိကြသည်။သူတို့အားလုံးလည်းပြင်ဆင်ပြီး၍ကျောင်းရှိသံဃာတော်တွေအားအုန်းမောင်းဖြင့်ခေါက်၍ဘုဏ်းပေးဖို့ဆင့်ခေါ်တော့သည်။ကျောင်းတ်ိုင်နှင့်တကွသံဃာတော်တွေအားလုံးဘုဏ်းပေးပြီးသည်နှင့်ကျောင်းတိုင်ဆရာတော်ကြီးကမြတ်မင်းပိုင်တို့အားရေစက်ချကုသိုလ်ပေးလေသည်။ပြီးနောက်ဦးသာမောင်နှင့်ဦးမြတ်မင်းကတော့ဘုန်းဘုန်းနှင့်စကားဆိုနေကြသည်။နန္ဒနှင့်လရောင်,မြတ်မင်းပိုင်နှင့်သာဗျောတို့ကဘုန်ကြီးကျောင်းရှိရေကန်တွင်သပိတ်,ပန်းကန်,ဇွန်းစသဖြင့်အရာများအားဆေးကျောပြီးကုသိုလ်ယူနေကြသည်။သံစဥ်ချိုနဲ့မိအေးကတော့ကျောင်းဝန်းအတွင်းတံမြတ်စည်းလှည်းပေးခြင်းဖြင့်ကုသိုလ်ယူကြသည်။ဝေရာဝေစ္စများပြီးစည်းသွား၍အားလုံးလည်းကျောင်းတိုင်ဘုန်းဘုန်းကိုကန်တော့ကာအိမ်သို့ပြန်လာခဲ့ကြသည်။သို့ပေမယ့်အိမ်သို့မရောက်ခင်လမ်းတစ်ဝက်အလိုသာဗျောတစ်ယောက်မြတ်မင်းပိုင်တို့အားလှမ်း၍စကားဆိုလိုက်သည်။

"သူကြီးကျုပ်ရွာထဲကအဖိုးအဖွားတွေရဲ့ဝေရာဝေစ္စတွေကိုကျုပ်သွားလုပ်ပေးဦးမယ်ဗျာ"

"ဒါဆိုကိုလည်းလိုက်ခဲ့မယ်"

သာဗျောတို့အားသူကြီးခွင့်ပြုလိုက်ကြပြီးရွာထဲမှာရှိသောအဖိုးအဖွားများအိမ်သို့သွားကာခေါင်းလျှော်ခြေသည်းလက်သည်းညှပ်ခြင်းဖြင့်ကုသိုလ်ယူကြ၏။အဖိုးနှင့်အဖွားများကလည်းသူတို့နှစ်ယောက်အတွက်ဆုမွန်ကောင်းတောင်းပေးကြသေးသည်။သူတို့နှစ်ယောက်၏အလုပ်ကိစ္စများဟာလည်းပြီးသွားပြီဖြစ်တာကြောင့်အိမ်သို့ပဲတန်းပြန်ခဲ့သည်။နေ့ခင်း၁နာရီဖြစ်တာကြောင့်နေ၏အပူချိန်ဟာအလွန်ပူပြင်းသဖြင့်ချွေးတသီးသီးများကြကာအလွန်ပင်မောဟိုက်နေကြ၏။သာဗျောတို့နှစ်ယောက်လည်းအိမ်ထဲသို့ဝင်၍ဦးစွာထိုင်လိုက်ကြသည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now