အပိုင်း(၃၁)Uni

3.3K 175 1
                                    

သူတို့၇ယောက်စလုံးလည်းချောင်းသာသို့ရောက်လာပြီဖြစ်သည်။ကမ်းခြေနှင့်နီးသောHotelကိုရွေးလိုက်တာကြောင့်မန်နေဂျာကိုယ်တိုင်ထိုနေရာကိုလိုက်ပြပေးသည်။ဝန်ထမ်းတွေကတော့မြတ်မင်းပိုင်နှင့်နန္ဒ၏အင်္ကျီအိတ်ကိုသယ်ပေးကြသည်။သူကြီးတို့ကတော့သူ့ဘာသူသယ်မယ်ဆိုသောကြောင့်ဝန်ထမ်းတွေကသူတို့အိတ်ကိုမသယ်ပေးချေ...။

Hotelရဲ့အရှေ့ဘက်မှာတော့ကမ်းခြေကိုဦးတည်ထား၏။.တစ်ခန်းနှင့်တစ်ခန်းဘယ်လောက်မှမဝေးချေ။သုံးလေးလှမ်းလောက်လှမ်းရုံနဲ့တင်အခန်းချင်းကနီးနေပြီ။.ဧည့်သည်တွေရဲ့အခန်းကိစ္စတွေလေယာဥ်လက်မှတ်ကိစ္စတွေကမြတ်မင်းပိုင်တို့ဘက်ကအားလုံးအကုန်ကျခံပေးသည်။ဦးမြတ်မင်းနဲ့ဧည့်သည်​​တွေကသည်ညနေမှကိုယ်ပိုင်လေယာဥ့်ဖြင့်ထွက်လာကြမှာဖြစ်သည်။မန်နေဂျာလည်းအခန်းသော့ပေးကာနေရာတကျစီစဥ်ပေးပြီးထွက်သွားခဲ့သည်။မြတ်မင်းပိုင် တို့အတွဲကတစ်ခန်း...နန္ဒတို့အတွဲကတစ်ခန်း၊သံစဥ်ချိုတို့အတွဲကတစ်ခန်း၊
သူကြီးကတစ်ခန်းဖြစ်သည်။.ထိုအခန်းတွေရှေ့ကမူပင်လယ်ကြီးကိုဦးတည်ထားတာဖြစ်သည်။အခန်းအရှေ့မှာရပ်လိုက်တာနှင့်ပင်လယ်ကြီးကိုအပေါ်စီးကနေခြုံကြည့်လိုက်ရသလိုမျိုးရင်ထဲအေးချမ်းလှသည်။

"ကဲအားလုံးပဲအခန်းထဲဝင်တော့လေအဝတ်အစားလဲပြီးရင်နေ့လည်စာသွားစားကြမယ်"

မြတ်မင်းပိုင်လည်းသူ့ဘေးနှစ်ဖက်မှာရှိသောနန္ဒတို့အားလုံးကိုဟိုဖက်သည်ဖက်ကြည့်ကာအသိပေးလိုက်သည်။သူတို့အားလုံးလည်းဟုတ်ပြီဆိုသောအကြည့်နှင့်ကို့အခန်းကိုဝင်သွားကြတော့သည်။

"သံစဥ်ချို...ငါပျော်လိုက်တာဟာ..အခုမှငါကကမ်း​ခြေကိုစရောက်ဖူးတာ"

မိအေးလည်းအင်္ကျီအိတ်ကိုကုတင်းခြေရင်းနားထားကာကုတင်ပေါ်သို့လှဲချလိုက်သည်။ကုတင်ကနှစ်ယောက်အိတ်ကုတင်ကိုမှပိတ်စအဖြူဖြင့်ခင်းထားသေးသည်။ခေါင်းအုံးတွေကအစအဖြူရောင်တွေဖြစ်သည်။.အဲယားကွန်းကလည်းပါသေးသည်နေပူထဲမှပြန်လာတာဖြစ်သောကြောင့်သူမတို့ထိုအဲယားကွန်းမဖွင့်ချေ။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now