အပိုင်း(၁၄)Uni

4.2K 232 3
                                    

သည်နေ့ဟာနှစ်သစ်၏အစဖြစ်သလိုသူတို့လေးယောက်ရဲ့အင်းလေးခရီးနောက်ဆုံးရက်ဖြစ်သည်။မနက်ဖြန်ဆိုပြန်ကြတော့မည်။အချိန်အားဖြင့်၉နာရီလောက်ဖြစ်ပြီးလေးယောက်သားဖောင်တော်ဦးဘုရားသွားဖို့အင်္ကျီအဖြူနှင့်အောက်ကပုဆိုးကိုဝတ်ဆင်ထားကြသည်။
သူတို့လေးယောက်Hotelကထွက်လာကာGuideနှင့်အတူဖောင်တော်ဦးဘုရားသို့သွားဖူးလေတော့သည်။

သူတို့လှေလေးဟာဘုရားသို့ရောက်လာခဲ့ပြီးအားလုံးလှေပေါ်ကဆင်းကာဘုရားတွင်းသို့ဝင်သွားကြသည်။

ဖောင်တော်ဦးဘုရားဟာ၅ဆူဖြစ်သည်။ရွှေသင်္ကန်းကြောင့်ရုပ်လုံးပုံသေချာမမြင်ရပေ။.သူတို့လေးယောက်နှင့်အတူGuideပါထိုင်ကာဘုရားရှိခိုးတော့သည်။ဘုရားရှိခိုးပြီးခဏအကြာတွင်မြတ်မင်းပိုင်တစ်​
ယောက်သာဗျောသို့စကားဆိုလိုက်သည်။

"ငယ်ကိုတို့ကတိသစ္စာပြုရအောင်"

သာဗျောတစ်ယောက်ခေါင်းညိတ်ပြီးလက်ခံသည်ဟုပြုံးလိုက်သည်။

"ဒါဆိုကိုယ်တိုင်ပေးမယ်လိုက်ဆိုနော်ငယ်..."

"ကျွန်တော်သာဗျောနှင့်ကျွန်တော့်ချစ်သူကိုမြတ်မင်းပိုင်တို့သည်..."

သာဗျောလည်းစဆိုလိုက်သည်။

"ကျွန်တော်သာဗျောနှင့်ကျွန်တော့်ချစ်သူကိုမြတ်မင်းပိုင်တို့သည်.."

"အရမ်းချစ်ရသောချစ်သူတွေဖြစ်ကြပါ၏ဘုရား"

".........."

"ဤမှန်သောသစ္စာစကားကြောင့်"

"........"

"သေကွဲဲရောရှင်ကွဲရောမကွဲရဘဲသက်ဆုံးတိုင်ပေါင်းဖက်ရပါလို၏အရှင်ဘုရား"

"သေကွဲရောရှင်ကွဲရောမကွဲရဘဲသက်ဆုံးတိုင်ပေါင်းဖက်ရပါလို၏အရှင်ဘုရား"

ဆိုကာဦးသုံးကြိမ်ချပြီးကန်တော့လေသည်။ထိုအနည်းတူနန္ဒနှင့်လရောင်ဟာလည်းသစ္စာဆိုကြသတည်း။

သူတို့အားလုံးသစ္စာဆိုပြီးချိန်တွင်သာဗျောစကားဆိုလိုက်သည်။

"ဦး..ငယ်ပုတီးလေးစိတ်ချင်လို့ခဏစောင့်ပေး
လို့ရမလား"

"ရတာပေါ့ငယ်ကြိုက်သလောက်စိတ် ကိုစောင့်ပေးမှာဗျာ..."

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now