ညနေစောင်းအချိန်တွင်..ခြံထဲရှိကွပ်ပျစ်၌အားငယ်နေသောသူရယ်၊နှစ်သိမ့်နေသောသူရယ်ရှိ၏။
"လရောင်...ဦးကလေ...ကျုပ်ကိုဖုန်းတောင်မဆက်တော့ဘူးကျုပ်ကိုဦးမုန်းသွားပြီလားမသိဘူး"
လရောင်လည်းသာဗျောရဲ့လက်နှစ်ဖက်လေးသို့ကိုင်လိုက်ပြီးသက်ပြင်းဖွဖွလေးချကာ....
"အကိုရယ်..အဲ့လိုမတွေးပါနဲ့အကိုမြတ်မင်းပိုင်ကသူချစ်ပြီဆိုရင်လုံးဝလက်မလွှတ်တတ်ပါဘူး...အခုစေ့စပ်ပွဲကလည်းအကိုမြတ်မင်းပိုင်ဆန္ဒမပါလောက်ပါဘူး..."
သာဗျောလည်းမျက်ရည်စလေးဝဲကာ...
"လရောင်ရယ်...တစ်ပတ်ကြာရင်ပဲလက်ထပ်ကြတော့မှာ...ဦးနဲ့ကျုပ်မပေါင်းရတော့ဘူးထင်ပါရဲ့ဗျာ..."
"အကိုမြတ်မင်းပိုင်ကပြန်လာခေါ်မှာပါ...အဲ့လိုမတွေးရဘူးနော်"
ဆိုကာလရောင်ရဲ့လက်ကလေးတွေကသာဗျောမျက်ဝန်းလေးမှစီးဆင်းနေသောမျက်ရည်စလေးတွေကိုသုတ်ပေးနေသည်။
"ကျုပ်တစ်ခုလောက်တောင်းဆိုချင်တယ်...."
လရောင်လည်းဘာလဲဆိုကာသေချာနားထောင်နေသည်။
"ပြောပါ...အကို..ဘာများတောင်းဆိုချင်လို့လဲ"
"ကျုပ်ကိုရန်ကုန်လိုက်ပို့ပေးပါ...ကျုပ်ဦးဆီသွားချင်တယ်.."
လရောင်လည်းအံ့သြကာသာဗျောပုခုံးသို့လှမ်းကိုင်လိုက်ပြီး...
"ဖြစ်ပါ့မလားအကိုရယ်.ကိုမြတ်မင်းပိုင်ဆီကိုလိုက်ပို့လို့ကရပါတယ်...ဒါပေမယ့်သူ့ရဲ့အမေကတွေ့ခွင့်ပေးမှာမဟုတ်ဘူး..ဒေလီယာမှဒေလီယာဖြစ်နေတာ..."
သာဗျောပုံစံလေးကပျောက်နေသောပစ္စည်းအရမ်းရှာချင်နေသောပုံစံဖြင့်...
"ဟို..အဲ့ဒါဆိုသွားမတွေ့ဘူးလေ...ဦးရဲ့ကွယ်ရာကနေပဲကြည့်မယ်လေနော်..."
"အကိုကအဲ့လောက်တောင်သွားချင်မှတော့ကျွန်တော်ခေါ်သွားပေးပါ့မယ်ဗျာ...အရင်ဆုံးသူကြီးကိုတော့သွားခွင့်တောင်းရအောင်"
သာဗျောတစ်ယောက်နှုတ်ဆိတ်နေ၏။ခေါင်းကြီးငုံ့ရင်းရှိုတ်သံလေးတောင်ထွက်လာ၏။ပုခုံးလေးကလည်းတစ်ချက်ရှိုက်ရင်အပေါ်သို့တုန်တက်သွားသည်။လရောင်တစ်ယောက်လည်းဘယ်လိုချော့လို့ချော့ရမှန်းပင်မသိ။
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...