အပိုင်း(၁၆)Uni

4.1K 244 7
                                    

ထိုနေရာတွင်အားလုံးတိတ်ဆိတ်နေကြသည်။ဒေလီယာကတော့အိတ်ဆွဲကာအပေါ်ထပ်ရှိရှင်းထားသောအခန်းကိုတက်သွား၏။အောက်ထပ်တွင်တော့လေးယောက်သားတိတ်ဆိတ်နေကြသည်။ထိုတိတ်ဆိတ်ခြင်းကိုသာဗျောတစ်ယောက်စကားစကာဖြိုခွင်းလိုက်သည်။

"ကျုပ်အခန်းထဲသွားတော့မယ်..အကိုနန္ဒနဲ့လရောင်ကိုယ့်အိမ်လို့သဘောထားပြီးနေပါ..."

ဆိုကာမြတ်မင်းပိုင်ကိုပင်လှည့်မကြည့်တော့ဘဲအပေါ်တက်သွားတော့သည်။.မြတ်မင်းပိုင်လည်းသူ့ငယ်စိတ်မကောင်းဖြစ်နေတယ်ဆိုတာသူသတ်ိထားမိသည်။

"ဟျောင့်နန္ဒ​ အဲ့ကောင်မအကြောင်းတွေကိုအကုန်စုံစမ်းထားဘာတစ်ခုမှမကျန်စေနဲ့
ငါအခုငယ့်နောက်လိုက်သွားဦးမယ်...."

ဆိုကာထပြီးအပေါ်သို့မြတ်မင်းပိုင်ပါတက်သွားသည်။အောက်တွင်ကျန်ခဲ့သောနန္ဒနှင့် လရောင်လည်းစိတ်မကောင်းကြပေ။

"ကိုကိုသူကဘယ်သူလဲ.."

"Babyကို ကိုကိုတစ်ခါပြောပြဖူးတဲ့ဒေလီယာဆိုတာသူပဲ"

"သြော်...သူလားဘာတွေရှုပ်ဦးမလဲမသိဘူးနော်...."

နန္ဒလည်းလရောင်လက်ကလေးသို့ကိုင်လိုက်ပြီး...

"Babyရယ်ဘာမှမဖြစ်လောက်ပါဘူး...Bossကသူချစ်ပြီဆိုရင်ဘယ်တော့မှလက်မလွှတ်ဘူး...ပြီးတော့ဒေလီယာ့ကိုလည်းသူဘယ်တော့မှလက်ထပ်မှာမဟုတ်ဘူး"

"ဟုတ်ပါပြီကိုကိုရယ်..Babyလည်းအကိုမြတ်မင်းပိုင်ကိုယုံပါတယ်..."

အပေါ်ထပ်တွင်....

မြတ်မင်းပိုင်တစ်ယောက်အခန်းတံခါးဖွင့်ပြီးသော့ပါခတ်ကာအိပ်ယာနားသို့လျှောက်လာသည်။သာဗျောကတော့အိပ်ယာပေါ်မှာမြတ်မင်းပိုင်ကိုကျောပေးပြီးအိပ်နေလေ၏။.။

*ငယ်ကလေသိပ်ချစ်ဖို့ကောင်းတာပဲဗျာ...အခုသဝန်တိုတာထင်ပါရဲ့......ကျွန်တော်ကုတင်ပေါ်ကိုထိုင်ချလိုက်ပြီးငယ့်ရဲ့အပေါ်ကနေကုတင်ကိုလက်နှစ်ဖက်ထောက်ပြီးရင်ဘတ်နဲ့ငယ့်ရဲ့ရင်ဘတ်ကိုမထိတထိအုပ်မိုးထားလိုက်တယ်ဗျငယ့်ကိုကြည့်တော့ငယ်ကအိပ်ချင်ယောင်ဆောင်နေလေရဲ့ဗျာ...*

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now