အပိုင်း(၂၅)Uni

3.9K 216 8
                                    

ဒေါ်သူဇာတစ်ယောက်အသက်ရှူတာပုံမှန်မဟုတ်တော့ချေ။ရင်ဘတ်မှာလည်းသွေးတွေစီးကျလာ​ပြီးပါးစပ်တွင်းမှလည်းသွေးများလျှံကြလာ၏။

"သား...အ့..အမေ..ဒီအကြောင့်...ဟ့....တွေမသိလို့ပါ့ကွယ်...အား"

ဒေါ်သူဇာတစ်ယောက်ပြောလည်းပြောမောလည်းမောနှင့်မျက်လုံးတွေတဖြည်းဖြည်းမှေးဆင်းလာ၏။

"အမေ...မအိပ်လိုက်နဲ့လေ...ကျွန်တော်ဆေးရုံခေါ်သွားပေးမယ်နော်.."

ထိုအချိန်ဆေးရုံကားဟာလည်းထိုခန််းမသို့အလျင်အမြန်ရောက်ရှိလို့လာခဲ့သည်။ထိုဆေးရုံကားမှလူများဟာလည်းလူနာကိုတင်ဖို့ကုတင်တစ်ခုကိုတွန်းလာပြီးအမြန်ဒေါ်သူဇာကိုထိုပေါ်သို့တင်လိုက်သည်။မြတ်မင်းပိုင်ကတော့ဒေါ်သူဇာလက်ကိုကိုင်ရင်းဘေးကနေပြေးလိုက်ပြီးဦးမြတ်မင်းလည်းထပ်ကြပ်မကွာလိုက်လာ၏။လူနာကိုဆေးရုံကားပေါ်တင်ကာဆေးရုံသို့အမြန်မောင်းတော့သည်။ဆေးရုံသို့ရောက်သော်ခွဲစိတ်ခန်းထဲဝင်ရမှာဖြစ်တဲ့အတွက်ခွဲစိတ်ခန်းသို့လူနာကိုတွန်းသွားလေတော့သည်။

"အမေအားတင်းထားနော်...အမေဘာမှမဖြစ်စေရဘူး..."

ဆိုကာမြတ်မင်းပိုင်တစ်ယောက်ဒေါ်သူဇာ့လက်ကိုကိုင်ထားရင်းပြောနေတော့သည်။ခွဲစိတ်ခန်းတွင်းဝင်မှာဖြစ်လို့...

"ဒီမှာနေခဲ့ပေးပါရှင်အထဲဝင်လို့မရပါဘူး.."

ထိုသို့ပြောတဲ့အတွက်ကြောင့်မြတ်မင်းပိုင်တို့သုံးယောက်စလုံးအခန်းအပြင်မှာနေခဲ့ရသည်။မြတ်မင်းပိုင်တစ်ယောက်ဖင်တကြွ"နှင့်ဟိုလျှောက်သည်လျှောက်နေ၏။.ဦးမြတ်မင်းကလည်းရတဲ့ဘုရားစာအကုန်ဆိုနေတော့သည်။ခွဲစိတ်ခန်းဘက်တွင်တော့ဒေါ်သူဇာ့ကိုအကုန်စစ်ဆေးကြည့်နေသည်။နှလုံးနှိုးကြည့်တော့လည်းမရပေ။

"နောက်ဆုံးတစ်ခေါက်နှိုးကြည့်ရအောင်.ဒီတစ်ခါမှမရရင်တော့.."

ဟုသက်ပြင်းချရင်းနှလုံးနှိုးစက်ကိုအသင့်ပြင်လိုက်သည်။

"နည်းနည်းအနောက်ဆုတ်မယ်..1 2 3..ဝုန်း.."

တီ......!!

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now