မနက်၄နာရီရွာဦးကျောင်းကအုန်းမောင်းခေါက်သံနှင့်အတူသာဗျောတစ်ယောက်နိုးလာခဲ့သည်။အေးလွန်းသဖြင့်ကိုယ်တွင်လည်းအနွေးထည်ထူထူဝတ်ထားပြီးကုတင်ပေါ်ကဆင်းကာပြတင်းပေါက်ဖွင့်လိုက်သည်။၄နာရီဆိုတဲ့အတိုင်းညအမှောင်ဟာမပြယ်သေး၊ပြတင်းပေါက်နားခဏရပ်ကာလေကိုရှူသွင်းလိုက်သည်။အေးစိမ့်နေသောလေကိုရှူလိုက်သောအခါထိုအအေးဓာတ်ကလည်ပင်းထိရောက်လာသည်။ဒီနေ့အစောကြီးနိုးတာဟာသူတို့ခရီးထွက်ရမဲ့နေ့မလား။ပင်းတယမြို့မှဘုရားများဝင်ဖူးမှာဖြစ်တဲ့အတွက်နောက်ကျလို့လည်းမရပေ။တောင်ကြီးမြို့သည်လည်းပင်းတယမြို့နှင့်တော်တော်ဝေးသည်။.ရှမ်းပြည်ဆိုတာမြန်မာပြည်မှာအကျယ်ဆုံးပဲလေ။၁၅မိနစ်လောက်အိပ်ချင်တာဖြေဖျောက်ပြီးကုတင်ပေါ်ရှိမြတ်မင်းပိုင်ကိုသွားနှိုးတော့သည်။
"ဦးရေထတော့လေ....၄နာရီ၁၅ရှိနေပြီ...."
"ခဏလေး....၅မိနစ်ပဲ"
"ဟာ...ဦးကလည်း...ထလို့...ထဗျာ"
ဆိုကာဆောင်ကိုဆွဲဖယ်နေတော့သည်။မြတ်မင်းပိုင်တစ်ယောက်ဦးဆိုသောအခေါ်အဝေါ်ကြောင့်မျက်လုံးပွင့်ပြီးကောက်ကာငင်ကာထိုင်လိုက်သည်။
"ငယ်ဘယ်လိုခေါ်လိုက်တယ်.."
"ဦးလို့လေ...ဘာလဲမကြိုက်လို့လား"
"အဲ့လိုမဟုတ်ပါဘူးကြိုက်တယ်ငယ်...ဒီ့ထက်များများလေးခေါ်ပေးနော်"
"ဦး...လို့..."
"ဗျာ..."
"ငယ့်ကိုချစ်လားဟင်.."
မြတ်မင်းပိုင်တစ်ယောက်ငယ့်ရဲ့ဆံပင်လေးကိုသပ်တင်လိုက်ပြီးနဖူးသို့အနမ်းခြွေတော့သည်။
"ငယ်ကကို့ရဲ့ဘဝမှာမိဘပြီးရင်အချစ်ရဆုံးသူပဲ"
"ဟီးးငယ်လည်းဦးကိုအရမ်းချစ်တယ်"
"ငယ်.....မြွေလေးတွေကဖားလေးတွေကိုစားပြီးအသက်ရှင်တယ်
ယုန်လေးဟာလည်းမြက်ပင်လေးတွေကိုစားပြီးအသက်ရှင်တယ်..
ကိုကရောဘယ်လိုအသက်ရှင်လဲသိလား...."သာဗျောတစ်ယောက်ဘယ်လိုအသက်ရှင်တာလဲလို့စဥ်းစားနေတော့သည်။
YOU ARE READING
ခင်ဗျားကြီး...ဗျာ💕(Complete)
Romanceအချစ်ဆိုတဲ့အရာကိုမခံစားဖူးတဲ့ငါကမင်းလေးနဲ့တွေ့မှမူးယစ်ဆေးလိုစွဲလမ်းတတ်လာတယ်...