အပိုင်း(၁၇)Uni

3.7K 236 3
                                    

သာဗျောတို့ညကပင်ပန်းထားတာကြောင့်အိပ်နေတာအခုမိုးတောင်လင်းနေပြီဖြစ်သည်။

ခေါက်...ခေါက်...!!

"ထတော့လေသားတို့ရယ်....မိုးတောင်လင်းနေပြီထတော့...."

ဆိုကာသူကြီးတစ်ယောက်အခန်းရှေ့ကအော်နေတော့သည်။ထိုအသံကိုကြားသောသာဗျောလည်းငေါက်ခနဲထထိုင်လိုက်ပြီး..

"အ့..ကျွတ်ကျွတ်.. ငါ့ခါး...တော်တော်နာနေတာပဲ"

တိုးတိုးလေးရေရွတ်လိုက်မိသည်။

"သူကြီီးရေကျုပ်တို့နိုးပြီ..."

"အေးအေး...မျက်နှာသစ်တော့"

ဆိုကာသူကြီးပြောပြီးလှည့်ထွက်တော့သည်။

သာဗျောကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့အားလုံးသန့်ရှင်းနေသည်။မနေ့ညကမြတ်မင်းပိုင်ရှင်းပေးသွားတာဖြစ်မည်။ဘေးက်ိုကြည့်လိုက်တော့မြတ်မင်းပိုင်တစ်ယောက်မနိုးသေးပေ။

*ဟွန့်မနေ့ညကကျုပ်ကခံရတာကိုဦးကနှစ်နှစ်ခြိုက်ခြိုက်အိပ်နေသေးတယ်။မသိရင်သူခံရတာကျနေတာပဲ*

ထို့နောက်မြတ်မင်းပိုင်ရဲ့လက်မောင်းကိုသာဗျောကိုင်ကာလှုပ်နိုးလိုက်သည်။

"ဦး...ဦးရေ...ထတော့လေ..."

"ဟင်...မနက်တောင်ရောက်နေပြီလား"

"ဟုတ်တယ်လေ...ကျုပ်တော့မျက်နှာသွားသစ်ပြီ"

ဆိုကာကုတင်ပေါ်ကဆင်းသွားတော့သည်။.လမ်းလျှောက်တော့လည်းအနောက်ကနာနေတာကြောင့်ဖြေး​ဖြေးချင်းလျှောက်ရသည်။သာဗျောပုံစံဟာကွတကွတနှင့်မြတ်မင်းပိုင်အနောက်ကနေကြည့်ကာရယ်နေတော့သည်။

"ငယ်..ကိုချီပေးသွားရမလား"

"ရတယ်မလိုဘူး...ဟွင့်"

ထိုသို့ပြောပြီးထော့နဲ့ထော့နဲ့ နှင့်လျှောက်သွားတော့၏။မြတ်မင်းပိုင်လည်း...

"ကို့ကိုစောင့်​ဦးလေ"

လို့ပြောကာအနောက်ကနေလိုက်သွားတော့သည်။

သူတို့၂ယောက်မျက်နှာသစ်ပြီးအိမ်ထဲသို့ဝင်လာသည်။ ဒေလီယာကတော့မြတ်မင်းပိုင်ကိုတွေ့တာနှင့်လက်မောင်းတစ်ဖက်ကိုတန်းဖက်ပြီးချွဲပြစ်ပြစ်အသံဖြင့်ပြောလိုက်သည်။

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now