အပိုင်း(၂၉)Uni

3.2K 187 5
                                    

"Babyကလည်းကိုကိုတို့မင်္ဂလာပွဲကျရင်လည်းခမ်းခမ်းနားနားကြီးကိုလုပ်ပစ်ဦးမှာ....ကဲအခုတော့မုန့်စားလိုက်ဦးအေးကုန်တော့မယ်.."

"ဟုတ်ပါပြီ..ဟုတ်ပါပြီ..ကိုကိုအားလုံးအဆင်သင့်ဖြစ်တဲ့အထိBabyစောင့်ပါ့မယ်"

လရောင်လည်းထိုသို့ပြောပြီးကာမုန့်ပန်းကန်လေးကိုယူလိုက်ပြီးထိုနေရာတွင်နှစ်ယောက်စလုံးထိုင်ကာစားနေတော့သည်။ထိုအချိန်သံစဥ်ချိုတစ်ယောက်နန္ဒတို့နားသို့ရောက်လာသည်။

"နန္ဒနဲ့လရောင် အကိုမြတ်မင်းပိုင်က စားပြီးရင်သူတို့ဆီလာခဲ့ပါတဲ့"

နန္ဒတို့လည်းဟုတ်"ဆိုပြီးခေါင်းညိတ်ကာပန်းကန်ထဲကမုန့်တွေကိုကုန်အောင်စားလိုက်ကြသည်။ပြီးနောက်တစ်ရှူးဖြင့်ပါးစပ်ကိုသုတ်ကာထိုနေရာမှထ၍မြတ်မင်းပိုင်တို့ရှိရာသို့နန္ဒတို့ရောက်လာကြသည်။

"Bossကျွန်တော်တို့ကိုခေါ်တယ်ဆိုလို့.."

မင်္ဂလာပွဲကလည်းလူပါးသွားပြီဖြစ်သောကြောင့်မြတ်မင်းပိုင်တစ်ယောက်နန္ဒတို့ကိုဓာတ်ပုံတူတူရိုက်ဖို့ခေါ်လိုက်တာဖြစ်သည်။ထိုအချိန်သူကြီးလည်းအိမ်ပေါ်မှမဏ္ဍပ်ရှိရာနေရာသို့ဆင်းလာတော့သည်။ဦးဖိုးတုတ်လည်းကမန်းကတန်းနှင့်ထိုမင်္ဂလာပွဲသို့ဦးတည်ပြီးလာနေတာကိုသူကြီးတစ်ယောက်တွေ့သွားလေသည်။ဦးဖိုးတုတ် လည်းရောက်​"ချင်းထိုမဏ္ဍပ်ထဲသို့ဝင်လာတော့သည်။ထိုနေရာတွင်တော့မ်ိ​အေးနှင့်သံစဥ်ချိုကလက်ဖွဲ့တွေကိုအိမ်ထဲသို့သိမ်းနေပြီဖြစ်သည်။နန္ဒနဲ့လရောင်ကလည်းသာဗျောတို့အနောက်တွင်ရပ်နေကြသည်။သူကြီးကတော့​ဦးဖိုးတုတ်နားတဖြည်းဖြည်းလျှောက်လာသည်။

"ခင်ဗျားကိုကျုပ်ကမလာတော့ဘူးလို့တောင်ထင်ထားတာ...တော်တော့ကိုနောက်ကျနေပြီ.."

သူကြီးတစ်ယောက်လည်းဦးဖိုးတုတ်ကိုသေချာစိုက်ကြည့်ကာစကားဆိုလိုက်သည်။ ဦးဖိုးတုတ်လည်းဖြည်းညှင်းစွာရယ်လိုက်ပြီး...

"မနက်ကလယ်ထဲဆေးဖျန်းနေတာနဲ့နောက်ကျသွားတာ...မလာလို့ရမလား...ငါ့တူတွေမင်္ဂလာပွဲလာရမှာပေါ့"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now