အပိုင်း(၃၀)Uni

3.7K 182 3
                                    

ညမှောင်ရီစပြုသော်ခြံထဲတွင်သူကြီးတို့အုပ်စုဝိုင်းဖွဲ့ကာစားကြသောက်ကြနှင့်ပျော်ပါးနေကြသည်။ထိုနေရာတွင်မြတ်မင်းပိုင်,နန္ဒနှင့်လရောင်တို့ရှိကြသည်။.မိအေးတို့ကတော့မိန်းကလေးဖြစ်တဲ့အတွက်အိမ်ထဲတွင်လက်ဖက်သုပ်နဲ့ဝိုင်းဖွဲ့ကာစကားနှောင်ဖွဲ့နေကြသည်။မြတ်မင်းပိုင်တစ်ယောက်ထိုအရက်ကိုမသောက်ဖူးသဖြင့်ညနေခင်းလောက်နန္ဒတို့ကမြို့ပေါ်တက်ကာBlack Label တစ်လုံးသွားဝယ်ပေးရသေးသည်။ထိုအရက်ကိုတော့မြတ်မင်းပိုင်ငှဲ့လိုက်သောက်လိုက်အမြည်းလေးစားလိုက်နဲ့ဟုတ်နေတာပဲ။နန္ဒတို့ကလည်းတားမည်မရှိဘူးမြှောက်ထိုးပင့်ကော်နှင့်ပင်။.ဒါကိုသာဗျောတစ်ယောက်အပေါ်ထပ်ပြတင်းပေါက်မှလှမ်းကြည့်နေလေသည်။

"အဖိုးကြီးကြည့်စမ်း...လူကြီးတွေကြားထဲမှာဒင်းကအရှက်မရှိသောက်နေတယ်...မသောက်ပါနဲ့လို့မှာထားရဲ့သားနဲ့သောက်ဖြစ်အောင်ကိုသောက်တယ်တွေ့မယ်..."

ထိုသို့သာဗျောတစ်ယောက်ကျိန်းဝါးလိုက်ပြီးပြတင်းပေါက်ပိတ်ကာကုတင်ပေါ်မှောက်၍စာအုပ်ဖတ်နေတော့သည်။

"မောင်မြတ်မင်းပိုင် သားမူးနေပြီသွားနားတော့လေ...ဒီနေ့လည်းပင်ပန်းထားတာကို"

မြတ်မင်းပိုင်လည်းခွက်ထဲမှလက်ကျန်လေးကိုမော့ပစ်လိုက်ပြီးသူကြီးဘက်သို့လှည့်ကာပြုံးပြသည်။

"သွားနားမှာပါအဖေရဲ့အေ့...အဖေလည်းစော..စောစောအိပ်နော်ဟေ့"

နန္ဒတစ်ယောက်လည်းသူ့Bossလောက်မမူးပေမဲ့နည်းနည်းတော့ယိုင်ချင်နေပြီ။လရောင်ကတော့မသောက်နန္ဒကိုဘေးကနေလိုက်ပြီးထိန်းပေးနေတာဖြစ်သည်။ပြီးနောက်မြတ်မင်းပိုင်ကိုဟိုဘက်ကနန္ဒ၊သည်ဘက်ကလရောင်တစ်ယောက်တစ်ဖက်တွဲကာအိပ်ခန်းသို့လိုက်ပို့တော့သည်။သူတို့သုံးယောက်ဟိုယိုင်သည်ယိုင်ဖြင့်လှေကားသို့တက်သွားခဲ့သည်။

"Bossကအေ့...အရမ်းလေးတာပဲ"

မြတ်မင်းပိုင်တစ်ယောက်လည်းမျက်လုံးကြီးမှေးကာနန္ဒသို့ကြည့်လာပြီး...

"ဘာမင်းကများငါ့ကိုလေးတယ်ဟုတ်လား....အေ့..မင်းကိုအလုပ်ထုတ်ပစ်မယ်"

ခင်ဗျားကြီး...ဗျာ💕(Complete)Where stories live. Discover now