3

4.5K 516 3
                                    

ကျန်းယွီရှောင် ကြောင်အနေမိသည် ဒီအချိန်က သူ့ကို မကောင်းတဲ့အကောင် သစ္စာဖောက် ဆိုကာ ခဲလုံးတွေနဲ့ပေါက်ရမှာလေ ။ သူကအခြေခံအုတ်မြစ် အဆင့် ၂ ဆိုသော်လည်း ဝက်ဝံ ဂိုဏ်သား ၁၀ ယောက်မှာ အခြေခံအုတ်မြစ် အဆင့် ၅ ဖြစ်ပေမယ့် သတ်နိုင်ခြင်းမှာ အဆင့်၇မှော်လက်နက်ရှိခြင်းကြောင့်ဖြစ်သည်။

ရတနာနယ်မြေတွင် အမြင့်ဆုံးအဆင့်အနေဖြင့် မြေကမ္ဘာအဆင့် ၁ ကအမြင့်ဆုံးအဆင့်ဖြစ်သာဝငလို့ရခြင်း ဖြစ်သည်။ မြေကမ္ဘာအဆင့် ၂ မှစ၍ ကျန်သောအဆင့်များမဝင်နိုင်ခြင်းမှာ အဆင့်နိမ့်ရတနာနယ်မြေ ဖြစ်သောကြောင့်ဖြစ်သည်။အနိမ့်ရတနာနယ်မြေမှာ  အဆင့် ၇ရတနာလက်နက် ရှိနေခြင်းကပင်အတော်ရှားပါးကာ မူလပိုင်ရှင်မှာကံအလွန်ကောင်း၍ ရခြင်းဖြစ်ကာ ဝက်ဝံ ဂိုဏ်သား များက ထိုရတနာလက်နက်ကိုတွေ့၍ လိုချင်ရာမှ ကတောက်ကစ ဖြစ်ကာ ယခုလို သေသွားခြင်းဖြစ်သည်။

ထိုအရာတွေက ဗီလိန်တွေကြုံတွေ့ရသော ဇာတ်ဝင်ခန်းဖြစ်သည် ။ လောလောဆယ် သူနားမလည်နိုင်တာက ဘာလို့ လူတွေက သူ့ကို မုန်းတီးရွှံရှာမှု့ မရှိ သူ့ကိုတောင်သနားနေလိုက်သေးတာလဲဆိုတာကိုဖြစ်သည်။

ထိုအချိန်တွင် လေသင်ဂိုဏ်မှ အကြီးအကဲ က''တာအိုတရားမျှတရေးဂိုဏ် အကြီးအကဲခဗျ
ဘုံခုနှစ်ဆင့် ဂိုဏ်က ယခုမှ စတင်တည်ထောင်တဲ့ ဂိုဏ် ပါ ဒီလိုဂိုဏ်းက အဆင့်နိမ့် ရတနာနယ်မြေ ကိုတောင်ဝင်ခွင့်မရှိ သေးပါဘူး ဘာလို့များ ယခုလို ရတနာနယ်မြေ ကိုဝင်ခွင့်ရပြီး ဝင်ဝံဂိုဏ်း နဲ့ ကတောက်ကစဖြစ်ရတာလဲ ကျွန်တော်မျိုး စဉ်းစားမရဖြစ်နေမိပါတယ် ဝက်ဝံဂိုဏ်းချုပ်များရှင်းပြနိုင်မလား ''

လေသင် ဂိုဏ်ဟာ ဂိုဏ်း၁၀၀မှာ ၇၁ ချိတ်တဲ့ ဂိုဏ်း ဖြစ်ပြီး ဝက်ဝံဂိုဏ်း နဲ့အမြဲရန်ဘက်ဖြစ်သည်။ ဝက်ဝံဂိုဏ်သားများက ခွန်အားကို အဓိက ထားလေ့ကျင့်ကာ ဘာမှအထူးတလည်မလုပ်ဘဲ တရားထိုင်ကာ လေ့ကျင့်ရသော လေသင်ဂိုဏ်းနဲ့ ရန်ဘက်ဖြစ်သည်။

လေသင်ဂိုဏ် မှအသုံးပြုသောလေသိုင်းဟာ တစ်ကယ်တော့ ခက်ခဲပေမယ့်လည်း အလွန်တရာတော့မခက်ခဲပေ။ ယခု ဝက်ဝံဂိုဏ် ပြသနာ တက်နေသည်ကိုတွေ့တော့ မီးတောက်ထဲလေင်စာထည့်ပေးလိုက်သည် တစ်ကယ်လို့ သူသာအောင်မြင်ရင် သူ့ဂိုဏ်းက နောက်အဆင့်တစ်ခုကိုတက်နိုင်မည်ဖြစ်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now