33

1K 164 8
                                    

မြူနှင်းတောအုပ် တွင်တော့ ကျန်းလင် နှင့် ကျန်းဟွေ့ က သူတို့ရဲ့ဓားများကို ဓားအိမ်ထဲထည့်လိုက်သည်။

သူတို့ခြေထောက်အောက်တွင် အပိုင်းပိုင်း အစစ ဖြစ်သောသော အဝတ်စများ ကို တွေ့ရလိမ့်မည်ဖြစ်သည်၊၊

သို့သော် ကာယံကာရှင် နှစ်ဦးလုံးက ထို အရာကို ဂရုမစိုက်ကြပေ။
ဘုံခုနှစ်ဆင့် ဂိုဏ်း က အသုံးပြုသော ဓား ကျင့်စဉ် သည် အခြားသော ကျင့်စဉ်  များနှင့် ကွဲပြားကာ တစ်မူထူးခြားမှု့ရှိသည်။

ကျင့်စဉ်များ တစ်ခုတည်းဆိုရင် အသုံးမဝင်ဘဲ ပေါင်းစပ်ပြီး အသုံးပြုရသည်။
ဥပမာ   ပထမကျင့်စဉ်ကို တတိယ ကျင့်စဉ် နှင့် ပေါင်းလိုက်ခြင်းမျိုး ပေါ့ ကျင့်စဉ် ခုနှစ် ခုရှိကာ ထို ကျင့်စဉ်ကို အသုံးပြုသူစိတ်တိုင်းကျ ကျင့်စဉ်နှစ်ခု သို့ သုံးခု ဒါမှမဟုတ် ကြိုက်သလောက်ကို ပေါင်းစပ်ပြီး အသုံးပြုလို့ရသည်။

ထို့အပြင် ထိုကျင့်စဉ်က အခြားသောမတူညီသည့် ကျင့်စဉ်များနှင့် လည်း ပေါင်း၍ အသုံးပြုနိုင်သေးသည်။

ကျန်းလင် နှင့် ကျန်းဟွေ့ တို့က ရှေ့သို့ဆက်သွားကာမကြာခင် မှာဘဲ ထွက်ပေါက်ကို တွေ့လိုက်ရသည်။

ထို့ကြောင့် သူတို့လည်း ထွက်သွားရန် ရွေးချယ်လိုက်သည်။
သိပ်မကြာခင် စုဝေးကွင်းပြင်တွင် လူများတစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။

အချို့သောများက သာတို့ရဲ့မျက်နှာတွင် ပြုံးရွှင်နေကြပြီး အချို့က ဝမ်းနည်းနေကြသည်။

သိပ်မကြာခင် ယွီရှောင် အပြင်ကို ထွက်လာသည်။ သူဘေးပတ်ပတ်လည်တွက် သူနှင့် ကွဲသွားသည့် သူများကို လိုက်ရှာ လိုက်သည်။

ထိုအချိန်မှာ သူ့ပခုံး ပုတ်ခံလိုက်ရတာကြောင့် အနောက်လှည့်ကြည့်တော့ ကျိုးရန်ရှင်း က တစ်နေရ ကို လက်ညှိး ထိုးပြနေတာကို တွေ့လိုက်ရသည်။

ထိုနေရာက သူ့အဖွဲ့သားတွေရှိသည့် နေရာဖြစ်တာကြောင့် နောက်လှည်ဘကာ ကျေးဇူးတွေတင် ရန်လုပ်တုန်း ကျိုးရန်ရှင်း ကပျောက်သွားခဲ့သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now