14

1.7K 243 1
                                    

ဆေးဆရာငယ်များက ဆေးအိုးကို ကောင်စွာမစစ်ဆေး တတ်တော့ အပေါ်ကနည်းအတိုင်းသာစစ်ဆေးကြသည်။ နောက်ပိုင်း ဆေးဆရာ သက်တန်းရင့်လာမှသာ ဝိဥာဉ် စွမ်းအင် ကိုအသုံးပြု၍စစ်ဆေးရမည် ဖြစ်ကြောင်းသိကြသည်။

ကျန်းမင်းယွီ သူမဆေးအိုးရဲ့ အတွင်းဘက်တွင် ချိုင့်ငယ်လေးတစ်ခုကိုတွေ့လိုက်ရသည်။

ထိုချိုင့်က အလွန်သေးငယ်သောကြောင့် သာမာန်မျက်စိမပြောနဲ့ သူမ ဝိဥာဉ် စွမ်းအင် သုံးကာ စစ်ဆေး တာတောင် ကျော်သွားမလို့ဖြစ်သွားသည်။

ဆေးလုံးဖော်စပ်ရာတွင် ဆေးပင်နှင့် ဆေးဆရာ ကဘဲ အရေးကြီးတာမဟုတ် ဆေးအိုးရဲ့ ပုံသဏ္ဍ ကလည်းအလွန်အရေးကြီးသည်။

ဆေးအိုးတွင် အနာအဆာရှိနေပါက ထို အနာအဆာက ဘယ်လောက်ပင်သေးနေ ပါစေ ဆေးလုံးဖော်စပ်ရာတွင် စွမ်းအင်မညီမျှခြင်းကိုဖြစ်စေကာ ဆေးလုံးအာနိသင်ကို လျှော့ကျစေသည်။

ထို့အပြင် သူမ ယခုဖော်စပ်သော အဆာခံဆေးလုံးဆို ပိုလို့တောင်ဆိုးသည်၊၊ ထိုဆေးက ဝိဥာဉ် စွမ်းအင်ကို သေချာထိန်းညှိရတာကြောင့် ယခုလို အချိုင့် လေးရှိနေခြင်းက ဆေးလုံးပေါ် အကြိုးသက်ရောက်မှု့များစွာ ဖြစ်ပေါ်စေသည်။

ထို့ကြောင့် သူမ အနားမှရှိတဲ့ ပြိုင်ပွဲ ရှိ အကြီးအကဲ တစ်ယောက်ကို ဆေးအိုး လည်းပေးရန်တောင်းဆိုလိုက်သည်။

သိပ်မကြာခင်မှာ နောက်ထက်ဆေးအိုး အသစ်ရလိုက်သည်။ သူမ ထိုဆေးအိုးကို ဝိဥာဉ်စွမ်းအင် နှင့်သေချာစစ်ဆေးကြည့်ပြီး ဘာပြဿနာရှိမနေတာသေချာတော့မှ ဆေးလုံးဖော်စပ်ရန် ဆေးပင်များခွဲပြီးဆေးညွှန်းအတိုင်းထည့်တော့သည်။

သူမ ဆေးအိုးစစ်ဆေးနေတာနဲ့တင် နာရီဝက်ကုန်သွားတာကြောင့် သူမမှာဆေးဖော်စပ်ဖို့အချိန် တစ်နာရီခွဲသာကျန်တော့သည်။

ဆေးပင်များကိုဆေးအိုးထဲထည့်ပြီးနောက် ထိုဆေးပင်များကို သန့်စင် အညစ်အကြေးဖယ် ဆေးရည်လုပ် ဆေးရည်ကို ဝိဥာဉ် စွမ်းအင်သုံးကာ တဖြည်းဖြည်း အခဲဖြစ်အောင်လုပ် ဆေးခဲရရင် ပြန် ထိုဆေးခဲထဲက အညစ်အကြေးကို ပြန်ဖယ် ပြန်ပြီးဆေးအနှစ်ရအောင်လုပ် ပြီးမှ ထိုဆေးအနှစ်များကို တစ်စုတည်းဖြစ်အောင်ပြန်ပေါင်းရပြီးဆေးလုံးဖော်ရတာဖြစ်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now