31

1.1K 157 6
                                    

တောအုပ်အတွင်းပိုင်းကနေရာတစ်ခုတွင် အပြာရောင် ဝတ်ရုံ ဝတ်ထားသော လူငယ်နှစ်ယောက်အနက် တစ်ယောက်က အဖြူရောင် အဆင့်၁ အဆင့် နိမ့် ကြွက်တစ်အုပ်စုကို အမြီး မှကိုင်ထားသည်။

သူ့ဘေးတွင်တော့ အပြာရောင် ပုံစံတူ တ်ရုံဝတ်ထား သော လူငယ်လေးက သူ့လက်အတွင်းရှိ တိုက်ခိုက်ရန်အသုံးပြုသော ဓားရှည်ခဗျာ ယခုတော့ ဟင်းချက်ဓားသဖွယ် ရထူးကျနေကာ ထိုကြွက်များ၏ ဝမ်းဗိုက်ကို ထိုးဖောက် နေသည်။

ထိုလူငယ် နှစ်ယောက်ဘေးတွင်တော့ လူတိုင်းလိုက်ရှာနေကြသော အဖြူရောင် တံဆိပ်ပြား များကို ဖြစ်သလိုပုံထားသည်။

''ကြွက်ဖြူတွေကုန်ပြီလား လင်း ရှစ်ရှုန်း ''
ထိုလူငယ်လေးက ကြွက်တွေရဲ့ ဗိုက်ကို ဖောက်ကာ အဖြူရောင်အပိုင်းအသေးလေးကို သု့လက်ဖဝါးပေါ် ထည့်လိုက်သည်။

သိပ်မကြာခင်မှာဘဲ ထိုအပိုင်းလေးကနေ အဖြူရောင်တံဆိပ်ပြား တစ်ခုအသွင် လျင်မြန်စွာပြောင်းလဲသွားသည်။

ထို့နောက် ထိုလူငယ်လေးက သူ့ဘေးရှိလူကို လှည့်ကြည့်ကာ မေးလိုက်သည်။

'' ကုန်ပြီ''
ကြွက်များကို အမြီး မှကိုင်ထားသော လူငယ်လေးက သူ့ဘေးနားရှိ သစ်ပင် ကို ပျင်းရိပျင်းတွဲ့ ဖြင့် မှီထားကာ သူ့ဘေးကလူငယ်လေးကို ပြန်ဖြေလိုက်သည်။

ထိုလူငယ်နှစ်ယောက်မှာ သက်ပြင်းကိုယ်စီချကာ ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သည်။

''သွားရအောင် အပြင်ထွက်ရတော့မယ်''

''ဟုတ် ရှစ်ရှုန်း ''
လူငယ်လေးက အဖြူရောင် တံဆိပ်ပြား များ၏တစ်ဝက်ကို သူ့ဘေးရှိလူကိုပေးလိုက်သည်။

သူတို့နှစ်ယောက်လုံး အဖြူရောင် တံဆိပ်ပြားများကို ဖွက်လိုက်သည်။

သူတို့ တံဆိပ်ပြားများကို ဖွက်ပြီး သိပ်မကြာခင်မှာပင် လူတစ်စုက သူတို့အနားကို ရောက်လာသည်။

'' ဟေ့ကောင်တွေ မင်းတို့ တံဆိပ်ပြားတွေကို အေးဆေးပေးမယ်လို့ မျှော်လင့်ပါတယ် ''

''အာ.......''

''မြန်မြန်လေးပေးစမ်းပါ ငါတို့ တိုက်ခိုက်တာတွေဘာတွေမလုပ်ချင်ဘူး''

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now