55

657 67 1
                                    

ယွီရှောင် မျက်တောင်နှစ်ချက်လောက်ခက်လိုက်ပြီး ပတ်ဝန်းကျင်နှင့်နေသားကျစေရန်ပြုလုပ်လိုက်သည်။

ထို့နောက် အနားတွင် ဘယ်သယမှမရှိတော့တာကိုတွေ့လိုက်ရသည်။ သူက နာကျင်နေသည့် အသံသေးသေးလေးတစ်သံကို ကြားလိုက်ရတာကြောင့် လှည့်ကြည့်လိုက်တော့ဘေးက ကျန်းရှင်းရန် သူ့ရဲ့ခြေထောက်ကိုကိုင်ကာ မျက်မှောင်ကြုတ်နေသည်။

' ဇာတ်လိုက်က ခြေထောက်မှာ ဒဏ်ရာရသွားတာလား မနေ့ကမတွေမိပါဘူး'
"ဝေါင်း "

ရုတ်တရက် အလွန်ကျယ်လောင်သော အသံတစ်သံက သူတို့နောက်ကျောမှ ထွက်လာသည်။ ယွီရှောင်က ယခုဆို မြေကြီးအဆင့် ၁ သို့ရောက်နေပြီဖြစ်ကာ သူ့အမြင်အာရုံက ပိုပြီးစူးရှလာသည်။

ဒါ့အပြင် သူက သစ်သားသွေးကြောရှိသည့်အပြင် system ပါရှိနေတာကြောင့် သူ့မြင်နိုင်စွမ်းကအတော်လေးကောင်းသည်။

"host ပြေးတော့ အခုမပြေးရင် host ခွေးဖြစ်တော့မယ် "

ယွီရှောင် L ရဲ့စကားကြောင့် ဘေးသို့လှည့်ကြည့်လိုက်တော့ ကျန်းရှင်းရန် က မျက်မှောင်ကြုတ်ကာတစ်နေရာသို့ကြည်နေသည်။

ယွီရှောင် လည်ယမဆိုင်းမတွဘဲ ကျန်းရှင်းရန် လက်ကိုဆွဲကာ တန်းပြေးတော့သည်။ ပြေးရင်နှင့်လည်ူ ခုနကအသံအကြောင်းမေးလိုက်သည်။

"အဲ့တာ အဆင့် ၇ မြေခွေးသားရဲပါ ဘာဖြစ်တာလည်းဆိုတာတော့အတိအကျ မသိသေးဘူး အခုပြောချင်တာ ပြေးပါ လုံးဝမရပ်ပါနဲ့ပြေး........"

ယွီရှောင် အတတ်နိုင်ဆုံးမြန်မြန် ပြေးနေပေမာ့် အသံကပိုပြီး နီးကပ်လာကာ အလွန်ကျယ့လောင်လာသည်။

"host ရှေ့နားမှာ ဂူရှိတယ်"

"သိပြီ"

ယွီရှောင် အုံ့ဆိုင်းနေသောနွယ်အချို့ကိုဖယ်ကာ ဂူထဲသို့အမြန်ဝင်သွားသည်။ ဂူပေါက်က သေးလွန်းတာကြောင့် တစ်ယောက်ချင်းသာ လေးဘက်ထောက်ဝင်လို့ရသည်။

ဂူထဲရောက်မှ ဇာတ်လိုက်ကြီးရဲ့ မူမမန်မှု့ကို သတိထားမိသည်။
"ကော"

"အဆင်ပြေတယ် ခုနက ပြုတ်ကျလာတုန်းက အဆိပ်ရှိတယ့် အပင်နဲ့ခြစ်မိသွားတာနေမယ်"

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now