20

1.6K 217 2
                                    

' ဇာတ်လိုက်ရဲ့ ညီအကိုတွေဆိုတာ အမြဲ ကံကောင်းနေတော့တာဘဲ'
ကျန်းယွီရှောင် သူ့ရဲ့ system ကို ညဉ်းညှူလိုက်သည်။

သူတို့စင်ပေါ်မှာတိုက်နေချိန် အောက်ကကြည့်နေသော ပရိတ်ယသတ်တွေမှာ ရိုလာကိုစတာ စီးနေရသလိုပင် ပထမကတော့ အဆင့် ၃ ကျီးကန်းသားရဲ ပေါ်လာပြီး နောက် ဓားနဲ့တစ်ချက်တည်းဖြင့် အနိုင်ယူတာခံလိုက်ရသည်။

ပြီးတော့ ဓားရှရာလေးတစ်ခုဖြင့် လူကိုသေမတက်နာအောင်ပြုလုပ်ခဲ့ပြီးနောက် အနိုင်ရလိုက်သည်။

ကျန်းလင် ဆိုတဲ့တစ်ယောက်က လည်း စင်ပေါ် တက်လာပြီး ချီစွမ်းအင်အနည်းငယ်သုံးကာ ပြိုင်ဘက်ကို တိုက်ကွက် တစ်ကွက်တည်းဖြင့်အနိုင်ပိုင်းလိုက်သည်။

သနားစရာ ကောင်းတာက ဟိုက ဓားတောင်မထုတ်ရသေးဘူးလေ မင်းသူဓားထုတ်ပြီးတဲ့အထိစောင့်လိုက်တော့ကော ဘာဖြစ်သွားမှာမို့လို့လဲ

နောက်တစ်ယောက်ဘာတဲ့ သူကပိုတောင်ဆိုးသေး ဘာအားထုတ်မှု့မှ မလုပ်ဘဲ ပြိုင်ဘက်က သူ့ကို တိုက်ခိုက်လာသော အဆိပ်ကို ထိုသူဆီပြန်ပို့လိုက်တာလေ

နောက်တစ်ယောက် အင်း သူကလား သူကနည်းနည်းတော့ ယုတ်တည်ရှိတယ်လို့ပြောလို့ကပေမယ့်

ရုတ်တည်မရှိဘူးး....ကွ သူ့ထက် နှစ်ဆင့်မြင့်တဲ့သူကို ပြန်တိုက်လိုက်တာလေ ပြီးတော့ သူက ဘာ ဒဏ်ရာမှမရတဲ့အပြင်ကို ပြိုင်ဘက်ကို လမ်းလျှေက်မရအောင် ခြေထောက်ကို တောင် ရေခဲရိုက်ပြီးထုံအောင်လုပ်လိုက်သေးတယ်

ကံကောင်းလို့ ပြိုင်ဘက်က မီးစွမ်းအင်သွေးကြော ရှိလို့ အမြန် ပြန်ကောင်းအောင်လုပ်နိုင်လို့ပေါ့

ထို့နောက်ပြိုင်ပွဲကြေညာသံကို ကြားပြီးနောက် သူတို့မှာပြောစရာစကားများပျောက် သွားတော့သည်။

ဘုံခုနစ်ဆင့်ဂိုဏ်းရဲ့တပည့် တွေက လူမှဟုတ်ရဲ့လား ဘုံခုနစ်ဆင့်ဂိုဏ်း က လူတွေအားလုံးနောက်တစ်ဆင့်တက်သွားပြီတဲ့

သူတို့ထင်တာက တစ်ယောက် ယောက်တော့ ရှုံးမှာပေါ့ ဘယ်ကသာ ရှုံးဖို့နေနေသာသာ ပြိုင်ဘက်တိုင်းကို ပိုးစိုးပက်စက် ရိုက်သွားသေးတယ် ဘုံခုနစ်ဆင့်ဂိုဏ်းချုပ် က သူ့တပည့်တွေကို ဘာတွေများကျွေးထားတာလဲ

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now