38

1.2K 182 24
                                    

''ဖြစ်နိုင်ပါတယ်''
ရီရွှယ် က အဓိပ္ပာယ် ဖော်မရတဲ့ အပြုံးမျိုး ကျိုးရန်ရှင်း ကို ပြုံးပြလာသည်။

လောင်ကျန့် မှာ ထို အပြုံးကို တွေတော့ လန့်သွားမိကာ သူ့ရဲ့ ကျိုးရှစ်တိ ပြဿနာရှာလိုက်တဲ့ အကြောင်းသိသွားပြီဟုတောင်ထင်မိသည်။

သို့သော် ရီရွှယ် က ဘာစကားမှမပြောဘဲ ရှေ့သို့ သာပြန်လှည့်သွားတော့သည်။
အချိန်တွေကုန်ဆုံးသွားပြီးနောက်ဆုံးတော့ ဘုံခုနှစ်ဆင့်ဂိုဏ်း အလှည့်ရောက်လာသည်။

ထိုအခါ ရီရွှယ် ရဲ့ မျက်ဝန်းများက စုဝေးကွင်းပြင်ကို သာ အေသအချာကို စူးစိုက်ကြည့်နေသည်။ သိပ်မကြာခင်မှာဘဲ ဧရာမ ဘုတ်ပြားကြီးတွင် 170 ဟူသည့်နံပါတ်ကြီးပေါ်လာသည်။

ရီရွှယ် မှာ သူသောက်နေသည့် လက်ဖက်ရည်ပင် သီးသွားမိကာ သူ့မျက်လုံးများကို သေချာ ပြန်ပွတ်ကာ ကြည့်လိုက်မိသည်။ သို့သော် မပြောင်းမလဲ အရင်အတိုင်းပင် 170 ဟူသည့် နံပါတ်က ရှိနေသည်။

ရီရွှယ်မှာ သူ့ လည်ချောင်းက ရုတ်တရက် ပူလာကာ စေးပျစ်သော အနီရောင်အရည်များ ပါးစပ်အပြည့်ဖြစ်ကာ သွေးတစ်လုပ် ထွေးလိုက်မိသည်။

ထိုအခါ သူ့ဘေးတွင် ထိုင်နေသော တပည့်မှာ အမြန်ပင် သူ့ရဲ့ သိုလှောင် အိတ်မှ ဆေးပုလင်းကို ထုတ်ကာ ဆေးတစ်လုံးယူ၍ ရီရွှယ်ကို ပေးလိုက်သည်။

ရီရွှယ် ဆေးကို သောက်ပြီးမှသာနေသာထိုင်သာရှိလာပြီး ပါးစပ်မှလည်း ခပ်တိုးတိုး တစ်စုံတစ်ခုကို ရေရွတ်နေမိသည်။ သူရေရွတ်လိုက်တာကတော့

''အမလေး ငါ့ရဲ့ သားရဲတွေ ကုန်ပါပြီ ''
ဟူသည့်စကားပင်ဖြစ်သည်။

တံစိပ် လုပွဲ တွင် အသုံးပြုသော သားရဲများက မြူနှင်းဂိုဏ်း မှ မွေးထားသော ကိုယ်ပိုင်သားရဲများဖြစ်ကာ ထိုသားရဲများက အဆင့်တက်လာပါ အခြားသော ၎င်း တို့နှင့် အဆင့်တူသားရဲများထက် ပို ၍ အစွမ်းထက်မှာ မလွှဲ ဧကန်ပင်။

ထိုသားရဲများကို မြူနှင်းဂိုဏ်း ရဲ့ ဘိုးဘေးများက အကောင်းဆုံး ဗီဇ အရည်အသွေးရှိသည့် သားရဲများကို ကိုယ်တိုင်လိုက်ရှာကာ ကျွေးမွေး စောင့်ရှောက်  ထားခြင်းဖြစ်သည်။

လူတိုင်းကငါ့ကိုကြာပန်းဖြူလို့ပြောတယ်  ( မရဏာလောကရဲ့ပထမအမှား )Where stories live. Discover now